Chapter 75

4.4K 508 14
                                    

Chapter 75 (ဂွတ်ဒ်ဘိုင် ဟော်လန်တင်း)

ယွင်ချန်းက တကယ်ကို ဖက်ရှင်မြို့တော်ပီသတယ်။ ယွင်ချန်းကို ခြေချလိုက်တာနဲ့ လမ်းနှစ်ဖက်လုံးမှ မိုးမျှော်တိုက်ကြီးတွေမှာ ကြီးမားတဲ့ ကြော်ငြာတွေနဲ့ ပြည့်နှက်နေပြီး ကမ္ဘာကျော် ဘရန်းအမျိုးအစားတွေကလည်း သည်နေရာမှာ စုစည်းနေကြတယ်။

သည်ရာသီမှာတော့ လမ်းပေါ်က ယာဥ်တွေဟာ ပုံမှန်ထက် ပိုထင်ရှားနေတယ်။ ဖြတ်သွားဖြတ်လာ ဇိမ်ခံကားတစ်စီးကတောင် အထဲမှာ ထိပ်တန်းစတားတစ်ယောက် ရှိနေနိုင်တယ်။

သာမန် စတားတွေ တည်းခိုကြတဲ့ ကြယ်ခြောက်ပွင့်ဟိုတယ်တွေနဲ့ ကွဲပြားစွာ ကုယွမ်ကတော့ နျဲ့ယွီနေရာချပေးတဲ့ ဇိမ်ခံအိမ်တစ်လုံးမှာ နေပါတယ်။

အဲ့အိမ်ကနေ Bazarila ပရဟိတလေလံပွဲ ကျင်းပရာနေရာကို ဆယ်မိနစ်လမ်းလျှောက်ရုံဖြင့် ရောက်နိုင်တယ်လေ။

နျဲ့ယွီက သည်လေလံပွဲရဲ့ အသက်အငယ်ဆုံးပိုင်ရှင်ဖြစ်တာကြောင့် သူက စောစောစီးစီးပဲ အလုပ်ရှုပ်နေတော့တယ်။

လော့ကျွင်းထျန်ကတော့ သူ့ သူငယ်ချင်းတွေနဲ့ သွားတွေ့တယ်။ ပြီးရင် ကော်ဇောနီပေါ်ကို သူငယ်ချင်းတွေနဲ့ အတူတူလျှောက်လိမ့်မယ်။

မိတ်ကပ်ပညာရှင်ကို ရိုးရှင်းပြီး လှပတဲ့ ပုံစံပြင်ခိုင်းလိုက်ပြီးနောက် လေလံပွဲမြင်ကွင်းကို ဖြတ်လျှောက်ဖို့ ပြင်ဆင်ရတော့တယ်။

သူမက 'XuanJi Palace' ရဲ့ အဓိက ကြယ်ပွင့်တစ်ဦးဖြစ်ပေမယ့် တရားဝင် မထုတ်လွှင့်ရသေးသည့်အတွက် သူမက အင်တာနက်ပေါ်မှာ သိပ်မကျော်ကြားသေးပါဘူး။

လောလောဆယ် 'XuanJi Palace' အတွက် ပရိုမိုးရှင်း အစီအစဥ်တွေလည်း မရှိသေးတာကြောင့် သူမ လွတ်လွတ်လပ်လပ်နဲ့ ပျော်ရွှင်စွာ အပန်းဖြေနိုင်ပါသေးတယ်။

လမ်းတစ်လျှောက်မှာ ရှိနေတဲ့ ဆိုင်းဘုတ်တွေနဲ့  
ဖြတ်သွားဖြတ်လာ ခြေတံရှည်အလှလေးတွေကို ကြည့်ပြီး ဖက်ရှင်မြို့တော်ရဲ့ သဘာဝကို သူမ ခံစားမိတယ်။ ဖြတ်သွားဖြတ်လာ ဘယ်သူမဆို မြို့တော်က လူတွေနဲ့ မတူကြပါဘူး။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now