Chapter 163

2.2K 181 2
                                    

Chapter 163 (အမှန်တရား)

ပို့စ်မှာ သည်လို ပြောထားတယ်။ ထိုအချိန်တုန်းက ကုယွမ် လူရွေးပွဲဝင်ဖြေခဲ့ရတဲ့ အကြောင်းအရင်းက ဟူယွဲ့ကျင်း ပြောပြလို့ဖြစ်ပြီး ရလဒ်ကတော့ သူမက ဟူယွဲ့ကျင်းရဲ့ ဇာတ်ကောင်ကို လုယူသွားခဲ့တယ်တဲ့။

နောက်တော့ ကုယွမ်က နေမကောင်းဖြစ်တဲ့အချိန်မှာ ဟူယွဲ့ကျင်းက သူမကို အထူးဂရုစိုက်ပေးခဲ့တယ်ဆိုပဲ။ ပို့စ်ပိုင်ရှင်က ခံစားချက်အပြည့်ဖြင့် ပြောထားတယ်။

"အဲ့အချိန်တုန်းက သူမကို မြင်ရတာ အရမ်းသနားဖို့ကောင်းလို့ ငါတောင် ပန်းတွေလှူခဲ့သေးတယ်။ နှစ်ပေါင်း ၂၀ ကြာပြီးတဲ့နောက်မှာ သူမက ဒီလောက်ထိ ရက်စက်လာလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ"

ပို့စ် အောက်မှာတော့ လူအများစုက ကုယွမ်ကို ကြိမ်းမောင်းနေကြတယ်။ အချို့လူတွေက ကုယွမ် ဘယ်လိုမျိုး သားသုံးယောက် ရလာခဲ့လဲ ဆိုတာကိုတောင် စတင်ပြီး နားလည်လာကြတယ်။ သူမက အရည်အချင်းရှိတဲ့ ယောကျ်ားသုံးယောက်ကို တစ်ပြိုင်နက် မြူဆွယ်ခဲ့တာလား။

ဒါပေမယ့် အတွင်းသတင်းရထားတဲ့ လူအချို့က ဝင်ပြောလာတယ်။
"သူမက ဘယ်လိုလုပ်မြူဆွယ်ခဲ့မှာလဲ၊ အိပ်ယာပေါ်မှာ လှဲပြီး ဥသုံးလုံး ဥပေးလိုက်ရုံနဲ့တင် တိုက်ရိုက်ပဲ ဘဝရဲ့ အထွတ်အထိပ်ကို ရောက်သွားတာလေ"

ထိုမှတ်ချက်ကို မြင်တာနဲ့ လူတိုင်းက ရှာဖွေစုံစမ်း အတည်ပြုလိုက်ကြပြီးနောက် မနာလို အားကျ ဖြစ်လာကြတယ်။

ပို့စ်က အလျင်အမြန်ပဲ ရေပန်းစားလာပြီး ရုပ်ရှင်အကယ်ဒမီမှ ကျောင်းသားတွေကတောင် ဆရာတွေဆီသွားပြီး ထိုနှစ်က အဖြစ်အပျက်ကို စုံစမ်းလာကြတယ်။

နောက်ဆုံးမှာတော့ ပို့စ်ထဲက အကြောင်းအရာအများစုမှာ မှန်ကန်ကြောင်း အထောက်အထားရလာကြသဖြင့် ကုယွမ်ကို သံသယဝင်လာကြတယ်။

ကုယွမ်မှာ သူမကို ခုခံပေးမယ့် ပရိတ်သတ်တစ်စုရှိရင်တောင် လူထုရဲ့ အမြင်ကို မပြောင်းလဲနိုင်ပါဘူး။

အင်တာနက်ပေါ်က လူတွေဟာ အားနည်းတယ်လို့ ထင်တဲ့သူဘက်ကို အလေးသာကြတယ်။ သူတို့မျက်စိထဲမှာ ကုယွမ်က အရမ်းအင်အားကြီးနေတယ်။ သားသုံးယောက်ရဲ့ တောင့်တင်းတဲ့နောက်ခံကြောင့် သူမအစား ဟူယွဲ့ကျင်းက သနားဖို့ကောင်းနေခဲ့တယ်။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now