Chapter 36

4.7K 523 13
                                    

Chapter 36

နျဲ့ယွီဟာ အဖြူရောင် အဝတ်အစားတွေ ဝတ်ရတာကို နှစ်သက်ပေမယ့် ယနေ့မှာတော့ ငွေရောင်ဝတ်စုံကို ၀တ်ထားခဲ့တယ်။ ထိုဝတ်စုံမှာ  သူရဲ့ သွယ်လျပြီး အရပ်ရှည်သော ရုပ်သွင်ကို ဖုံးအုပ်ထားပြီး ချောမောပြီး လွတ်လပ်ပေါ့ပါးသော အသွင်အပြင်ဖြင့် သူ့ရဲ့စိတ်နေစိတ်ထားကို ပေါ်လွင်စေတယ်။

ဤကဲ့သို့သော သခင်လေးနျဲ့ဟာ ဖော်မပြနိုင်သော အရှိန်အဝါရှိပြီး သူဟာ သက်ရှိအားလုံးရဲ့ အထက်မှာ ရှိနေသလိုမျိုး ခံစားရစေတယ်။

မေးစေ့ကို အနည်းငယ် မြှောက်လိုက်ကာ နျဲ့ယွီရဲ့ သွယ်လျတဲ့ မျက်လုံးများဟာလည်း ကျဉ်းမြောင်းသွားတယ်။

အတင်းအကျပ် တွန်းအားပေးသလို အရှိန်အဝါက လူပေါင်းများစွာကို အသက်ရှုကြပ်သွားစေခဲ့တယ်။
သူက အေးအေးဆေးဆေး မေးလာတယ်။
"မင်းမှာ ပြဿနာရှိလား"

သူတို့ရဲ့ နားထဲမှာ ထိုစကားက မိုးခြိမ်းသံ ပေါက်ကွဲသွားသည့်အလား။

ဟူယွဲ့ကျင်းရဲ့ မျက်နှာမှာ ချက်ချင်းဆိုသလို ဖြူဖျော့သွားတယ်။ သူမ နျဲ့ယွီကို မယုံကြည်နိုင်စွာ ကြည့်နေမိတယ်။

ဒါဆို ကုယွမ် က နျဲ့ယွီရဲ့ ချစ်သူအသစ်လား။

ချန်းမင်ကျီလည်း အံ့အားသင့်သွားတယ်။
"သခင်လေးနျဲ့ မင်းက…"

အရင်က အင်တာတိန်းမန့် အသိုင်းအဝိုင်းထဲက လူတွေကို မကြိုက်ခဲ့ဘူးမလား။ ဘယ်တုန်းက အကြိုက်တွေ ပြောင်းသွားတာလဲ။ မင်းဘာလို့ စကားတစ်ခွန်းမှ မပြောခဲ့တာလဲ။

နင်စန်းယွဲ့ အံ့အားသင့်သွားတယ်။ ကောင်မလေးက သခင်လေးနျဲ့နှင့် ပတ်သက်မှုရှိနေတယ်။

ဒါဆို သူမကို ဒရမ်မာမှာ သုံးလို့ ရနိုင်မလား။

နျဲ့ယွီရဲ့ သေးသွယ်တဲ့ လက်ချောင်းများက သူ့လက်ထဲက ကိုယ်ရေးရာဇဝင်ကို လှပစွာ ကိုင်တွယ်လျက် လက်ချောင်းရှည်များကို ပွတ်ဆွဲကာ “ဒါ သူမပဲ” ဟု တိုးတိုးလေးပြောလိုက်တယ်။

ဟူယွဲ့ကျင်းမှာ အစအဆုံး စကားမပြောဝံ့ပေ။

ဖျော်ဖြေရေးအဝန်းအဝိုင်းမှာ နျဲ့ယွီရဲ့အနေအထားက ဘယ်လိုရှိလဲ။  သခင်လေးနျဲ့က စကားတစ်ခွန်းပြောလိုက်ရုံနဲ့ မင်းအသက်ဘယ်လောက်ဘဲရှိရှိ၊ နတ်ဘုရားမ ဒါမှမဟုတ် ထိပ်တန်းစူပါစတားတွေ ဖြစ်နေပါစေ အကုန်ပျက်စီးသွားမှာ ဖြစ်တယ်။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now