Chapter 54

4.4K 517 2
                                    

Chapter 54 (ရုပ်ရှင်ဘုရင်ကြီးလုကျီးချန်)

“ဪ၊ မင်းက ဒီရောက်နေတာကိုး” လို့ ကုယွမ်ကို မသင်္ကာတဲ့အကြည့်နဲ့ ပြောလိုက်တယ်။

“ဒါက မင်းရဲ့အိမ်လား။  မင်း အိမ် မဟုတ်ရင် ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေရတာလဲ”

လုကျီးချန် ရုပ်ကပိုလို့တောင် ဆိုးလာပါသေးတယ်။သူ ဘေးဘီဝဲယာကို လှည့်ကြည့်လိုက်တော့ စောင့်ကြည့်နေသူတွေ မရှိတာနဲ့ ကုယွမ် လက်မောင်းကို အတင်းဆွဲပြီး ထောင့်နားလေးကို ခေါ်လာခဲ့တယ်။

သေချာပေါက် ကုယွမ်ကတော့ ရုန်းတာပေါ့။
“ဘာလို့ ကျွန်မကို ဒီလိုဆွဲခေါ်လာတာလဲ။ ရှင့်ကိုစောင့်ကြည့်နေတဲ့ မျက်လုံးတွေကို ရှင် ဂရုမစိုက်ဘူးလား”

လုကျီးချန် : “ငါမင်းကို မသိဘူးများ ထင်နေလား။ မင်းက ငါ့ကိုသိက္ခာကျအောင် လုပ်တော့မှာလေ။ ဒါကို ငါက လွှတ်ထားပေးစရာလား၊ ဟမ်”

သူ အဲဒီနေ့တုန်းက ကြောက်လန့်သွားခဲ့တာပါ။ စစချင်းတွေ့တုန်းက သရဲတွေ့တယ်လို့ ထင်လိုက်ပြီး နောက်ပိုင်း စုံထောက်ငှားပြီး စုံစမ်းခိုင်းလိုက်တဲ့အခါ သိရတဲ့သတင်းက သူ့ကို အံ့ဩထိတ်လန့်စေခဲ့တယ်။

သူ သိထားတာက ကုယွမ် မသေသေးဘူး ဆိုတာပါပဲ။ ဒါပေမယ့် သူမကို ဖန်ပေါင်းချောင်ထဲမှာ အိပ်နေတုန်းပဲလို့ ထင်နေတာပါ။

လုကျီးချန် ဟာ သူ့ရှေ့မှာရပ်နေတဲ့ ကုယွမ်ကို ကြည့်လိုက်တယ်။ ကုယွမ်ဟာ နှစ်ဆယ့်ငါးနှစ်ကြာမှ သူ့ရှေ့တည့်တည့် ရောက်လာခဲ့တာပါ။

လုကျီးချန် : “ဟုတ်တယ်။ ငါနင့်ကို လမ်းခွဲခဲ့ပြီး လိမ်ညာခဲ့တယ်။ ဒါပေမယ့် အဲဒါက လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်က ကိစ္စလေ။ အခု ငါက ကမ္ဘာကျော် ရုပ်ရှင်လောကကို ဦးဆောင်သူ ဖြစ်နေပြီ။ မင်း အတိတ်ကို အတိတ်မှာပဲ ထားခဲ့လို့ မရဘူးလား”

ဒီစကားတွေ နားထောင်ခါမှ ကုယွမ် ပိုလို့တောင်စိတ်ကုန်လာပါတယ်။
“ငါ နင့်ကို သိက္ခာကျအောင် လုပ်မယ်လို့ ဘာလိုကြည့်ပြီးတွေးရတာလဲ”

လုကျီးချန် : “ပထမဆုံး နင် လူရွေးပွဲ လာပြိုင်တယ်။ ပြီးတော့ အခု ကုမ္ပဏီမှာ ငါ့ကိုလာရှာတယ်လေ။ ဒီတော့ တခြားအကြောင်းပြချက်ရှိသေးလို့လား”

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now