Chapter 46

4.3K 501 10
                                    

Chapter 46

ကျီချီစန်းနဲ့ နျဲ့ယွီတို့ မြေပြင်ပေါ် လဲကျသွားတာကြောင့် ကျွန်းမှာ အသင့်ရှိနေတဲ့ ဆရာဝန်က အလျင်အမြန် ရောက်လာပြီး ညီအစ်ကိုနှစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးတော့တယ်။

ကုယွမ် သားနှစ်ယောက်ကို စိုးရိမ်တကြီး ကြည့်လိုက်တော့ နျဲ့ယွီက အခြေအနေပိုကောင်းတယ်။ သူ့ရဲ့ မျက်လုံးတွေက တင်းကြပ်စွာ ပိတ်နေရုံကလွဲလို့ အခြား ပုံမှန် မဟုတ်တာမျိုး မရှိဘူး။

ဒါပေမယ့် ချီစန်းရဲ့ မျက်နှာက နီရဲနေပြီး သူ့အခြေအနေက အရမ်းပြင်းထန်ပုံပေါ်တယ်။
သားနှစ်ယောက်က တစ်ချိန်တည်းမှာပဲ မေ့လဲသွားတာကြောင့် ကုယွမ်ကို စိတ်ပူစေတာပေါ့။
"ဆရာ၊ သူတို့ အခြေအနေ ဘယ်လိုရှိလဲဟင်"

သူမ ကျွန်းပေါ်က အိမ်တော်ထိန်းကို မေးကြည့်ရင်း ဒီက ဆရာဝန်တွေက ယေဘုကျ ထိခိုက်ဒါဏ်ရာတွေနဲ့ ပုံမှန်အရေးပေါ်ကုသမှုတွေကိုသာ လုပ်နိုင်ကြောင်း သိခဲ့ရတယ်။

လူနာရဲ့ အခြေအနေပြင်းထန်ပါက ဟယ်လီကော်ပတာကိုခေါ်ပြီး အနီးဆုံးကျွန်းပေါ်တွင် ရှိသည့် ဆေးရုံကိုသွားရမှာတဲ့။

ခန္ဓာကိုယ်ကို စစ်ဆေးပြီးနောက် ဆရာဝန်က ကုယွမ် ဘက်လှည့်ကာ တလေးတစား ပြောလာတယ်။
"ကျွန်တော်တို့ စစ်ဆေးပြီးပါပြီ။ သခင်လေးကျီက jellyfish နဲ့ ဓါတ်မတည့်တာဖြစ်ပြီး ကျွန်းပေါ်မှာ
ဓါတ်မတည့်မှုကို သက်သာစေတဲ့ ဆေးရှိပါတယ်။
အခြား ပြသာနာတော့ မရှိပါဘူး"

ဓါတ်မတည့်မှုလား။

ကုယွမ် အံ့သြသွားရတယ်။
"ဒါပေမယ့် သူက ပင်လယ်စာတွေနဲ့ မတည့်တာမှ မရှိတာ။ ဘာလို့ ရုတ်တရက်ကြီး ဓါတ်မတည့်မှုဖြစ်ရတာလဲ"

ဆရာဝန်က ရှင်းပြတယ်။
"သခင်လေးကျီက ရိုးရိုးပင်လယ်စာတွေနဲ့ တည့်ပေမယ့် ဒီလို ထူးခြားတဲ့ ပင်လယ်စာ အမျိုးအစားတွေနဲ့ မတည့်တာပါ"

ကျီချီစန်းက နှစ်စဉ် ပရော်ဖက်ရှင် ဆေးစစ်မှုတွေ လုပ်လေ့ရှိတဲ့အတွက် သူ့ရဲ့ jellyfish နဲ့ ဓါတ်မတည့်တာကိုလည်း မှတ်တမ်းရှိပြီးသားပါ။

ကျီချီစန်းက ဒီကျွန်းကို မကြာခဏ လာလေ့မရှိပေမယ့် ရောက်လာတိုင်းမှာလည်း သူ့ရဲ့ပထမတန်းစား ဆရာဝန်တွေကို အတူခေါ်လာလေ့ရှိပြီး jellyfish အလက်ဂျစ်အတွက် သက်သာစေမယ့်ဆေးတွေ ယူလာပါတယ်။ ဒါကြောင့်လည်း ကျွန်းပေါ်မှာ ဆေးက အဆင်သင့်ရှိနေခဲ့တာပါ။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now