Chapter 124

2.9K 281 2
                                    

Chapter 124 (ကျန်းယင်ဖုန်း)

ကုယွမ်က သူမ တစ်ခါမှ အဆက်အသွယ်မရဖူးတဲ့ လေးယောက်မြောက်သားဖြစ်သူ အကြောင်း တွေးနေမိတယ်။ အခု ထိုကလေးက မတော်တဆ ပျောက်ဆုံးနေတယ်တဲ့လား။

ကျီချီစန်း၊ လော့ကျွင်းထျန်နဲ့ နျဲ့ယွီတို့ ပြန်ရောက်မှ သည်အကြောင်းကို အသေးစိတ် ပြောပြမှာ ဖြစ်ပါတယ်။

သူမရဲ့လေးယောက်မြောက် သားရဲ့ နာမည်က ကျန်းယင်ဖုန်း ဖြစ်ပြီး သူ့အဖေက သိပ္ပံပညာရှင်တစ်ယောက်ပါ။

သူက သိပ္ပံပညာရဲ့ လွှမ်းမိုးမှုအောက်မှာ ကြီးပြင်းလာတာကြောင့် သုတေသနအပိုင်းကို အထူး စိတ်ဝင်စားတယ်။

တံခါးပိတ်ပြီး သုတေသနတစ်ခု မလုပ်ခင်မှာ ထိုပရောဂျက်အတွက် အရေးကြီးတဲ့ အရာတစ်ခုကို ရှာဖွေရန် သူ့ရဲ့လက်ထောက်နှင့်အတူ Sharaber သဲကန္တာရကို ခရီးထွက်လာခဲ့တာပါ။

အစပိုင်းမှာ လက်ထောက်တစ်ယောက်နှင့် မိသားစုက ဘော်ဒီဂတ်တွေ ပါခဲ့ပေမယ့် ခဏလောက် အပြင်ထွက်သွားပြီးနောက် ပျောက်သွားခဲ့ခြင်းပင်။

သူက သုံးရက်နဲ့ လေးညတိုင်တိုင် ပျောက်ဆုံးနေခဲ့ခြင်းကြောင့် လက်ထောက်ဖြစ်သူမှာ အကူအညီတောင်းလာခဲ့တယ်။

ကုယွမ် နားထောင်နေရင်း စိုးရိမ်လာတယ်။
"အဲဒါဆို မားတို့ ဘာလုပ်သင့်လဲ။ သူ့ကို မြန်မြန် ရှာတွေ့မယ့် နည်းလမ်းရှိလား"

လော့ကျွင်းထျန်က မျက်မှောင်ကျုံ့လိုက်ပြီး ...

"ချီစန်း ပြောသလိုဆို ကျွန်တော်တို့ရဲ့ ညီလေး ပျောက်သွားတဲ့နေရာက Shalaber မှာရှိတဲ့ ခြောက်သွေ့ပြီး ရာသီဥတု ဖောက်ပြန်တတ်တဲ့ Takalamham မှာ ဖြစ်နေတယ်။ ကျွန်တော်တို့ သေချာမပြင်ဆင်ထားရင် ညီလေးကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး"

ကျီချီစန်းက ခေါင်းညိတ်လိုက်ပြီး လော့ကျွင်းထျန်ရဲ့စကားကို ထောက်ခံလိုက်တယ်။

"ကျွန်တော့်ရဲ့အစီအစဥ်က ပထမဆုံး သဲကန္တာရဘက်ကလူတွေရဲ့ ပူးပေါင်းမှုကိုရဖို့ နယ်မြေအစိုးရကို ဆက်သွယ်ရမယ်။ နောက်မှ ညီလေးကို ရှာဖို့ နည်းလမ်းရှာရမယ်"

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now