Chapter 142
အိမ်ရောက်တော့ အိမ်တော်ထိန်းတွေက သူတို့ရဲ့
သခင်လေးတွေအတွက် ပြင်ဆင်ရင်း အလုပ်ရှုပ်
နေကြပါတယ်။ အဲ့ထဲကမှ နန်ကုန်း အိမ်တော်ထိန်း
က အဆိုးဆုံးပါ။ သူ့သခင်လေးမှာ ပစ္စည်းတွေအများကြီးပါတာကိုး။ချန်ကျန်းကတော့ အခုထိ အလွတ်မပေးသေးပဲ
အိမ်ထိကို ပါလာပါတယ်။ ယင်ဖုန်းရဲ့နေရာကအဆင်ပြေ၊ မပြေ လာစစ်ဆေးတာပါ။နောက်ဆုံး စစ်ဆေးပြီးတော့မှ သူလည်း လက်ခံ
သွားတယ်လေ။အခု ကျန်နေတာက ယင်ဖုန်းရဲ့လူမှုဆက်ဆံရေး
ပြဿနာပါ။ သူ့ကို ကျွင်းထျန်က ပီတာဆင်နဲ့ ပြ
ပေးဖို့ ကုယွမ်ကို ကတိပေးလိုက်တယ်။ကုယွမ်လည်း စိတ်ချစွာ အခန်းကို ပြန်ပြီး ရေမိုး
ချိုးကာ အိပ်ရာပေါ်လှဲရင်း ဖုန်းသုံးနေလိုက်တာပေါ့။အင်း… ဟော်ကျင်းချန်က စာမပို့ထားဘူးပဲ။
သူမ အရင်က ပြောထားတဲ့စာတွေကို ဖတ်နေတုန်း
ရုတ်တရက် သူ့ဆီက စာတစောင်ဝင်လာတယ်။
“အိမ်ရောက်ပြီလား”“အင်း၊ ရောက်ပြီ”
“နေရတာရော အဆင်ပြေရဲ့လား၊ မစ္စတာ ကျန်းနဲ့
လန်တင်းရော ဘယ်လိုနေလဲ”“သူတို့တွေလည်း အဆင်ပြေပါတယ်။ အခု သူတို့
တွေလည်း အခန်းထဲမှာ နားနေလောက်ရောပေါ့။
ကျွန်မက အခုရေမိုးချိုးပြီး ကုတင်ပေါ်မှာ ထမင်း
စားဖို့ စောင့်နေတာ”“ဒါဆို မင်း တစ်ယောက်တည်းပေါ့”
သည်စာကို မြင်တော့ သူမ စိတ်လှုပ်ရှားရပြန်ပါတယ်။
“ဟုတ်တယ်”
အဲ့နောက် တစ်ဖက်က စာရိုက်နေပေမယ့် တော်
တော်နဲ့ စာက ရောက်မလာဘူး ဖြစ်နေတယ်။ကုယွမ်လည်း စိတ်မရှည်တော့ပဲ ဘာပြောမလို့လဲလို့ မေးဖို့လုပ်နေတုန်း တစ်ဖက်က စာဝင်လာပါ
တယ်။
“ကိုယ်တို့ ဖုန်းပြောကြမလား”“ကောင်းပြီလေ”
ပြောပြီးတာနဲ့ ချက်ချင်း ဖုန်းက ဝင်လာခဲ့တယ်။
“ယွမ်ယွမ်...”