Chapter 111

3.7K 380 1
                                    

Chapter 111 (မွေးနေ့လက်ဆောင်လျှို့ဝှက်ချက်)

သည်နှင်းက ဆောင်းတွင်းမှာ ပထမဦးဆုံးကျတဲ့နှင်းပါ။ တလက်လက် တောက်ပသယောင်ရှိတဲ့ နှင်းစက်လေးတွေဟာ လောင်ဂန်းတောင်ပေါ်မှာ
လှပစွာ ကျဆင်းနေတယ်။

သည်တောင်ပေါ်မှာ လှပခမ်းနားစွာ တည်ရှိနေတဲ့ ဗီလာကြီးတစ်ခုစီကို နာမည်ကြီး ဇိမ်ခံကား တော်တော်များများ ရောက်လာကြပါတယ်။

ဗီလာကြီးဟာ ရှေးဟောင်းပုံစံ တည်ဆောက်ထားပြီး ဥယျာဉ်ကလည်း လှပခမ်းနားလှတယ်။
လူတော်တော်များများ မရောက်ဖူးနိုင်တဲ့ အံ့ဖွယ်
နိဗ္ဗာန်ဘုံလေးအလား တောင်တန်းအနောက်မှာ
တည်ရှိနေတာပေါ့။

သည်မှာ ဘာတွေဖြစ်နေတာလဲလို့ ဟူယွဲ့ကျင်းရဲ့အတန်းဖော် တစ်ယောက်က မေးလိုက်တယ်။ သူမဟာလည်း နာမည်ကြီး သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး နောက်ပိုင်း လူချမ်းသာတစ်ဦးနဲ့ လက်ထပ်လိုက်တဲ့အခါ အနုပညာလောကထဲကနေ စွန့်ခွာခဲ့တာပါ။

သည်ပွဲဟာ အကြီးဆုံး အင်တာတိန်းမန့်ရဲ့ပွဲဆိုတော့
ကော်ဖီကအစကို ဈေးကြီးလွန်းလှတယ်။

“ငါလဲ မသိဘူးလေ” လို့ ချန်ရှောင်က ပြန်ဖြေလိုက်တယ်။ ချန်ရှောင်ကတော့ အရံသရုပ်ဆောင်ပါ။ အခုတော့ သူမက စီးပွားရေးကိုပဲ ဇောက်ချလုပ်ကိုင်နေပါတယ်။

သည်ပွဲကို လာတဲ့လူ တော်တော်များများက လူငယ်လေးတွေချည်းပါပဲ။ သည်ထဲမှာမှ ဟူယွဲ့ကျင်းဟာသူမရဲ့အတန်းဖော် ၈ ယောက်လောက်ကိုလည်းလှမ်းတွေ့လိုက်ရတယ်။

သူတို့အဖွဲ့ထဲက တစ်ယောက်က ပြောတယ်။
“မင်းသားလေးရဲ့အမေက ငါတို့ခေတ်က မင်းသမီးတွေရဲ့ဖန်များလား”

“မဖြစ်နိုင်တာဟယ်”

“ဒါဆိုရင်တော့ ငါတို့ အသက်အရွယ်နဲ့ ငါတို့ရဲ့ဖန်
ကြီးကို တွေ့ရတော့မှာပေါ့”

ဟူယွဲ့ကျင်းကတော့ ဘာမှမပြောပဲ တိတ်ဆိတ်နေတယ်။

အစတုန်းကတော့ သူမက သည်ပွဲဖိတ်ကြားစာရတဲ့
အခါ အရမ်းစိတ်လှုပ်ရှားနေခဲ့တာပေါ့။ ဒါပေမယ့် ကုယွမ်ရဲ့ပွဲမှန်း သိလိုက်ရတော့ စိတ်ညစ်သွားတယ်။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Donde viven las historias. Descúbrelo ahora