Chapter 79
ကုယွမ်ကတော့ အစားအသောက်လို့ ကြားတာနဲ့ ရုတ်တရက် စိတ်ဝင်စားလာခဲ့တယ်။
"နျဲ့ယွီ ဖိတ်ခေါ်ထားတဲ့ စားဖိုမှူးလား"
နျဲ့နန်ချင်းမှာ ကုယွမ်ရဲ့မျက်လုံးတွေထဲက အလင်းရောင်ကို သတိထားမိတာကြောင့် ရယ်လိုက်မိပြီး စနောက်ချင်လာတယ်။
"မဟုတ်ဘူး ဗျ"ကုယွမ်တစ်ယောက် သိသိသာသာ စိတ်ပျက်သွားပေမယ့် အားတင်းပြီး ပြုံးပြလိုက်တယ်။
"ကျွန်မ မြည်းစမ်းကြည့်ချင်တယ်"နျဲ့နန်ချင်း : "သူက နျဲ့ယွီ ဖိတ်ခေါ်ခဲ့တဲ့ စာဖိုမှူးပါပဲဗျာ"
ကုယွမ် : "အာ ..."
နျဲ့နန်ချင်းက အကျယ်ကြီး အော်ရယ်လိုက်တယ်။
"မစ္စကု၊ ရှိုးပွဲကြည့်ချင်ရင် လက်ထောက်ကို ရှေ့ပိုင်းက အထူးသီးသန့်ခန်းကို ခေါ်သွားခိုင်းလို့ရတယ်နော်။ဒါပေမယ့် လေလံပွဲစဖို့က အချိန်လိုသေးတော့ အရင် အနားယူလို့ရသေးတယ်။ ပွဲက ညနက်မှ ပြီးမှာလေ"
ကုယွမ်က ခပ်မြန်မြန် ခေါင်းညိတ်လိုက်တယ်။
"ကောင်းပါပြီ"နျဲ့နန်ချင်းက သူ့ရဲ့လက်ထောက်အား ကုယွမ်ကို ပြန်ပို့ပေးဖို့ ပြောပြီးတာနဲ့ လုကျီးချန်ကို ကြည့်လိုက်တယ်။
သူ့ရဲ့ မျက်နှာအမူအရာက ချက်ချင်းဆိုသလို အေးစက်သွားလေရဲ့။
လုကျီးချန်ဟာ နာမည်ကျော် ရုပ်ရှင်ဧကရာဇ်တစ်ယောက်ဖြစ်ပေမယ့် ဟယ့်ကျုံးထျန်းရှ မီဒီယာလက်အောက်က အနုပညာရှင်တစ်ယောက် ဖြစ်နေတယ်။ သူ့ရဲ့ စာချုပ်ကလည်း နျဲ့နန်ချင်းပေါ် မူတည်နေတယ်လေ။
နျဲ့နျန်ချင်းရဲ့ စကားတစ်ခွန်းနဲ့တင် သူ့ကို ပြန်လမ်းမရှိတဲ့ အသူရာချောက်နက်ထဲ တွန်းပို့နိုင်တယ်။
သူက ဘယ်လောက်ပဲ ကျော်ကြားနေပါစေ၊ စခရင်ထက်မှာ ပေါ်လာဖို့ အခွင့်အရေး မရရင် မေ့လျော့ခံလိုက်ရမှာပဲ။
အဲ့ထက်ပိုတာက သူ့ အသက်မှာ ၄၅ နှစ် ပြည့်ပြီးနေလေပြီ။ သည်လို အောင်မြင်မှုကို ဆက်ထိန်းထားဖို့က အရမ်းခက်ခဲတယ်။ လတ်ဆတ်တဲ့ အသားတုံးလေးတွေက အချိန်မရွေး သူ့ကို ဖယ်ထုတ်သွားနိုင်တယ် မဟုတ်လား။