Chapter 72

4K 488 4
                                    

Chapter 72 (သနားစရာ နျဲ့ယွီ လေး)

နျဲ့ယွီဟာ တတိယသားဖြစ်သွားတဲ့အတွက် မကေမနပ်ဖြစ်နေခဲ့တာပေါ့။

အစ်ကိုဆိုလို့ ကျီချီစန်းကိုပဲ သူ အစ်ကိုလို့ သတ်မှတ်ပါတယ်။ ရုတ်တရက်ကြီး ရောက်ချလတဲ့ လော့ကျွင်းထျန်ကို ဘယ်လိုလက်ခံပေးပြီး တတိယသားနေရာမှာ နေရမှာလဲ။

နျဲ့ယွီက လော့ကျွင်းထျန်ကို တစ်ချက်ကြည့်လိုက်တယ်။

ရွှေရောင်မျက်မှန်တပ်ထားပြီး အမြဲတမ်းပြုံးနေတတ်တဲ့ လော့ကျွင်းထျန်ဟာ အခုလည်း တောက်ပစွာ ပြုံးနေပြန်ပါပြီ။

နျဲ့ယွီ : “ကော၊ ကော အကြောင်း လိုင်းပေါ်မှာ သတင်းပျံ့နေတာတွေက ဘယ်လိုဖြစ်တာလဲ။ သူတို့က သက်သေအခိုင်အမာနဲ့ကို ပြောနေကြတာဆိုတော့လေ”

လော့ကျွင်းထျန် : “မကောင်းသတင်း ဟုတ်လား။ လိုင်းပေါ်မှာ ကော မကောင်းကြောင်း ရေးကြတာတွေက အများကြီးပဲ။ ဘယ်တစ်ခုကို ပြောတာလဲ”

နျဲ့ယွီ : “ကော ပြောရမှာ မေ့နေရင် တရားမဝင်ငွေကြေးခဝါချတဲ့ ကိစ္စကနေ စပြောလိုက်ကြမလား”

“ကောက ကျွန်တော်တို့ထဲမှာ အကြီးဆုံးနော်။ အမြဲတမ်း စံပြတစ်ယောက် ဖြစ်နေရမှာကို ဘာလို့ အဲ့အလုပ်တွေ လုပ်ရတာလဲ။ မား၊ ကျွန်တော် ပြောတာ မှန်တယ်မလား”

ကုယွမ် : “မားကတော့ ဆရာလော့…”

သူမ ဘယ်လိုလုပ်ပြီး ကိုယ့်သားကို ဆရာတပ်ခေါ်မိရတာပါလိမ့်။

လော့ကျွင်းထျန် : “မား၊ ကျွန်တော့်ကို ကျွင်းထျန်လို့ပဲ ခေါ်ပါ”

ကုယွမ် : “အင်း… မားကတော့ ကျွင်းထျန်ကို ယုံတယ်။ ဒီလိုင်းပေါ်က သတင်းတွေက ယုံရတာမှ မဟုတ်တာ။ ပြီးတော့ ဒီကိစ္စက နျဲ့ယွီက စတာဆိုတော့ နျဲ့ယွီပဲ ဖြေရှင်းပေးလိုက်။ ဖြေရှင်းပြီးသွားရင် ကျွင်းထျန်က နျဲ့ယွီကို ကြိုက်တဲ့အပြစ်ပေးလို့ရတယ်။ သူမှားတာ ဝန်ခံပြီးပြီဆိုတော့”

ဒါက တကယ်တော့ ကုယွမ်က နျဲ့ယွီကို ဘာအပြစ်မှ မပေးချင်လို့ပါ။

လော့ကျွင်းထျန်ဟာ ကြင်နာတတ်တာကြောင့် နျဲ့ယွီကို အပြစ်ပေးမှာ မဟုတ်ဘူးဆိုတာ သူမ သိနေတယ်လေ။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now