Chapter 164

2.2K 184 1
                                    

Chapter 164 (ဖုန်းယွင်ထောင်ရဲ့ ဗီဒီယို)


ထိုအချိန်တုန်းက ဟူယွဲ့ကျင်းမှာ ဖုန်းယွင်ထောင်ကို အဆောင်ခန်းထဲခေါ်ကာ တစ်နာရီထက် ပိုနေခဲ့တာကြောင့် အခြားအခန်းဖော်များနှင့် ရန်ဖြစ်လုနီးပါး ဖြစ်ခဲ့တယ်။ ထို့ကြောင့် ကုယွမ်ကလွဲ၍ အခြားသူများနှင့် ဆက်ဆံရေး မကောင်းပေ။

ဟူယွဲ့ကျင်းက ကျောင်းသားကောင်စီ ဥက္ကဌနှင့်

ရင်းနှီးတယ်။ တစ်ခါတုန်းက ကျောင်းသားကောင်စီဥက္ကဌက ဟူယွဲ့ကျင်းကို အဆောင်ပြန်လိုက်ပို့ချိန်တွင် ဖုန်းယွင်ထောင်နဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ခိုက်ခဲ့ကြသေးတယ်။

နှစ်တွေကြာပြီးတဲ့နောက်မှာ သူမရဲ့ သားက ဖုန်းယွင်ထောင်ကို သက်သေအဖြစ် ရှာလာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။

ကျီချီစန်း : "မား...ကျွန်တော်တို့ ဖုန်းယွင်ထောင်နဲ့ ဆွေးနွေးပြီးပြီ၊ နက်ဖြန် အင်တာနက်ပေါ်မှာ ရှင်းပေးမယ်လို့ ကတိပေးထားတယ်၊ သေချာတာပေါ့၊ သူက စဖွင့်လိုက်တာနဲ့ ကျွန်တော်တို့ရဲ့ နောက်ထပ်အစီအစဥ်တွေကို ဆက်လုပ်ရမယ်"

ဟူယွဲ့ကျင်းက သူမကို အဆိပ်ခတ်ရလောက်တဲ့အထိ အမုန်းတရား ရှိခဲ့တာလား။

ကုယွမ်က အဲ့အကြောင်းတွေးရင်း ကောင်းကောင်း အိပ်မပျော်နိုင်ဘဲ နောက်နေ့မနက် နိုးလာတော့ သူမအကြောင်းက အင်တာနက်ပေါ်မှာ ပေါက်ကွဲနေခဲ့လေပြီ။

ဖုန်းယွင်ထောင်က ထိုနှစ်က အမှန်တရားကို ပြောပြနေတဲ့ ဗီဒီယိုတစ်ခု အင်တာနက်ပေါ်မှာ တင်ခဲ့တယ်။ ခဏလေးအတွင်းမှာပဲ ပျံ့နှံ့သွားပြီး 'ဟူယွဲ့ကျင်းက ကုယွမ်ကို အဆိပ်ခတ်ခြင်း' ဆိုတဲ့ ခေါင်းစီးက hot searchမှာ နံပါတ်တစ်နေရာကို ရောက်လာခဲ့တယ်။

သူမက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ဖုန်းယွင်ထောင်ရဲ့ ဗီဒီယိုကို ဖွင့်ကြည့်လိုက်တယ်။

ဗီဒီယိုထဲက ဖုန်းယွင်ထောင်က သူမ မှတ်မိနေတဲ့ လူငယ်လေးနဲ့ မတူတော့ပေ။

ဖုန်းယွင်ထောင်က တက်ကြွတဲ့ ကောလိပ်ကျောင်းသားတစ်ယောက်ဖြစ်ပြီး သူက အရမ်းတော်တယ်။ သူလုပ်လိုက်တဲ့ ဘာမဆို ပထမရအောင် လုပ်နိုင်တယ်။ သူက ထက်မြက်ပြီးတော့ ချောမောခဲ့တယ်။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now