Chapter 127

2.8K 269 1
                                    

Chapter 127 (ခုန်ပေါက်ခြင်း)

ဟော်ကျင်းချန်ရဲ့တဲက ဘေးမှာတင် ရှိနေတာ ဖြစ်တယ်။ ကုယွမ်ရဲ့ အသံကိုကြားတော့ ချက်ချင်းဆိုသလို ပြေးထွက်လာခဲ့တယ်။

ကုယွမ် ကြောက်လန့်တကြားဖြင့် သူ့ရဲ့လက်မောင်းကို လှုပ်ခါလိုက်ပြီး
"ဝံပုလွေ…ဝံပုလွေ…အပြင်မှာ ဝံပုလွေတွေရှိနေတယ်"

ဟော်ကျင်းချန်က နက်ရှိုင်းတဲ့ အသံဖြင့် မေးလိုက်တယ်။

"ဝံပုလွေလား"

ကုယွမ်တစ်ယောက် ငိုချင်နေလေပြီ။ သူမ တဲရဲ့ ဖောက်ထွင်းမြင်နိုင်တဲ့ ပြတင်းပေါက်လေးကို ညွှန်ပြလိုက်ပြီး "အဲဒီမှာ ရှိတယ်၊ ကြောက်ဖို့ကောင်းတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေတာ"

ဟော်ကျင်းချန် : "မဖြစ်နိုင်ဘူးထင်တယ်နော်။ အပြင်မှာ ကင်းစောင့်နေတဲ့ လူတွေရှိတယ်၊ ဘယ်ဝံပုလွေမှ ဝင်မလာနိုင်ပါဘူး"

"မဟုတ်ဘူး ကျွန်မ မြင်ခဲ့တယ်။ အစိမ်းရောင် မျက်လုံးတွေက မာန်ဖီနေတာ"

ပြန်တွေးကြည့်ရင်း သူမ ကျောချမ်းလာတယ်။

သန်းခေါင်ယံအချိန်မှာ နိုးလာပြီး တောက်ပတဲ့ မျက်လုံးတွေနဲ့ တိရိစ္ဆာန်တစ်ကောင်ရဲ့ စိုက်ကြည့်နေတာကို မြင်လိုက်ရတာက သေလောက်အောင် ကြောက်ဖို့ကောင်းနေတာပေါ့။

ထိုအချိန်မှာ အပြင်ဘက်ရှိ ဘော်ဒီဂတ်တွေနဲ့ အစောင့်တွေက လှုပ်လှုပ်ရှားရှား ဖြစ်လာကြပြီး မီးတွေ ဖွင့်လိုက်ကြတယ်။

ဖောက်ထွင်းမြင်နိုင်သော ပြတင်းပေါက်လေးမှ ဖြတ်သန်းလာတဲ့ အလင်းရောင်မှိန်မှိန်လေးကြောင့် ကုယွမ်ရဲ့ ကြည်လင်တဲ့ မျက်လုံးတွေက သနားဖို့ကောင်းအောင် စိုစွတ်နေတာကို မြင်လိုက်ရတယ်။

သူမက ကြောက်လို့ ငိုနေတာပဲ။

ဟော်ကျင်းချန်က သူ့အသံကိုနှိမ့်လိုက်ပြီး သားဖြစ်သူ လန်တင်းကို ချော့မော့နေကျ လေသံဖြင့် "အပြင်မှာ ဝံပုလွေတွေ ရှိနေရင်တောင် သူတို့က မောင်းထုတ်ကြလိမ့်မယ်။ အဆင်ပြေသွားမှာပါ၊ မကြောက်နဲ့"

ထိုအချိန်မှာ သူ့ရဲ့လက်မောင်းကို ရွေ့ဖို့ လုပ်တော့ ကုယွမ်က သူထွက်သွားတော့မယ်လို့ ထင်ကာ လက်မောင်းကို ဖမ်းဆွဲထားပြီး ပြောလိုက်တယ်။
"ကျွန်မ ကြောက်တယ်"

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now