Chapter 140

2.6K 270 2
                                    

Chapter 140 (သနားစရာကောင်းတဲ့အငယ်ဆုံးလေး)

ကုယွမ်ဟာ ဟော်ကျင်းချန်ရဲ့ အကြည့်တွေကို တ
မင်ရှောင်နေတယ်။

သူမဟာ သားတွေရဲ့ရှေ့မှာ ရှက်စရာအဖြစ်မခံ
နိုင်ဘူးလေ။

ဟော်ကျင်းချန်ကလည်း သူမရဲ့ဒုက္ခကို နားလည်
ပုံပါ။ ရှက်ရွံ့ကာ နားရွက်ဖျားလေးတွေတောင် နီ
နေတဲ့ သူမကို အနေမခက်စေချင်တာကြောင့်
မျက်နှာလွှဲပေးလိုက်ပြီး သားဖြစ်သူ လန်တင်း
ကို မေးလိုက်တယ်။
“သား၊ မင်း မားနဲ့လိုက်သွားမှာလား။ ပါးနဲ့ ပြန်
လိုက်ခဲ့မလား”

“သေချာပေါက် မားနဲ့ နေမှာပေါ့၊ ပါးကလည်း။ ဒါနဲ့ ပါး၊ ပါး တစ်ခုခု ထူးဆန်းနေသလိုပဲ”

“ဟမ်၊ ဟုတ်လား”

“ဟုတ်တယ်။ ဘာမှန်းမသိပေမယ့် အရင်နဲ့တော့ မတူတော့သလိုပဲ”

လန်တင်းလေးဟာ ဘာထူးခြားနေမှန်း မသိပေမယ့်
သူ့အဖေ ထူးဆန်းနေတာကိုတော့ ခံစားမိနေခဲ့တယ်။

အဲ့နောက် ကျင်းချန်ဟာ ချီစန်းနဲ့ ကျွင်းထျန်တို့ကို နှုတ်ဆက်လိုက်တယ်။

ချီစန်း : “တကယ်ကျေးဇူးတင်ပါတယ် မစ္စတာ
ဟော်။ ခင်ဗျားကြောင့်သာ မဟုတ်ရင် ညီ (၄) ကို ရှာတွေ့နိုင်မှာ မဟုတ်ဘူးဗျ”

ကျင်းချန် : “ရပါတယ်ဗျာ။ ဒီလိုပဲ ကူညီရမှာပေါ့”

ကျင်းချန်ဟာ စကားပြောနေရင်း ကုယွမ်ကို တစ်ချက် ပြန်ကြည့်လိုက်တယ်။ ကုယွမ်ဟာ တစ်ဖက်
ကို မျက်နှာလွှဲနေပေမယ့် ဟော်ကျင်းချန်ကိုပဲ အာရုံ
စိုက်နေမိတာပေါ့။

သူမဟာ ကျင်းချန်ကို ကျေးဇူးတင်စကားပြောရ
မယ်ဆိုတာ သိတာကြောင့် အနေခက်ခက်နဲ့ပဲ
မျက်လုံးချင်း မဆုံအောင် ကြိုးစားပြောလိုက်ပါ
တယ်။
“ကိစ္စတွေ အားလုံးအတွက် ကျေးဇူးတင်ပါတယ်။
မစ္စတာ ဟော်”

“ရပါတယ်ဗျာ။ အထွေအထူးမှ မဟုတ်တာ”

အဲ့အချိန်မှာ အစတုန်းက ကျန်းယင်ဖုန်းကိုပဲ အာ
ရုံစိုက်နေတဲ့ ကျွင်းထျန်ဟာ တစ်စုံတစ်ခုကို ချက်ချင်း သတိထားမိလိုက်လေရဲ့။ မစ္စတာ ဟော်ရဲ့စကားသံက ထူးဆန်းနေတာပါ။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now