Chapter 143
ကုယွမ်ဟာ သေချာပေါက် ဟော်ကျင်းချန်ကို မ
လာစေချင်ပါဘူး။
“မလာပါနဲ့၊ ကျွန်မ အဆင်ပြေတယ်”“ကိုယ် လာခဲ့ပါမယ်။ ကိုယ် မင်းကို စိတ်မပျော်
အောင် ဘာတွေများ လုပ်မိလို့လဲ။ ကိုယ့်ကို
ပြောပါ”တကယ်တော့ သူမလည်း မသိပါဘူး။ ဘာကြောင့်
သူမ ဝမ်းနည်းကာ ငိုကြွေးနေရတာလဲ။တကယ်ကတော့ ဟော်ကျင်းချန်က သူမကို လျစ်
လျူရှူလို့ပဲ မဟုတ်လား။“ရှင့်ဘက်က ဖုန်း အရင်ချတော့ ကျွန်မ စိတ်ထဲဝမ်း
နည်းသွားလို့ပါ”“ယွမ်ယွမ်၊ ကိုယ် တကယ်တောင်းပန်ပါတယ်နော်။ ကိုယ် မှားသွားတယ်”
“ကိုယ်က အဲ့တုန်းက အရမ်းမျှော်လင့်ထားခဲ့မိ
တာ၊ ခံစားချက်တွေကို အဲလို ခပ်လောလောလုပ်လို့ မရတော့ဘူးဆိုတာ သိလိုက်ပြီး ကိုယ်မင်းဆီ ချက်ချင်း ဖုန်းပြန်ခေါ်ခဲ့ပါတယ်”“ဒါပေမယ့် ရှင်က အမြဲအေးတိအေးစက်နဲ့ ကျွန်မကို ဆက်ဆံတာပဲလေ”
“အဲလို မဟုတ်ရပါဘူး ယွမ်ယွမ်ရယ်”
“ဟုတ်ပါတယ်။ ကြယ်တွေ ကြွေတဲ့ညတုန်းကလည်း ရှင် ကျွန်မနဲ့ စကားပြောနေတုန်း ရုတ်တရက် အိပ်တော့မယ်ဆိုပြီး အတင်းထွက်သွားတယ်”
ကျင်းချန်တစ်ယောက် ဘာစကားမှ မပြောနိုင်ပဲဆွံ့အနေခဲ့ပါတယ်။
ဒါကိုကြည့်ပြီး ကုယွမ်ကတော့ အရမ်းပီတိဖြစ်
နေခဲ့တာပေါ့။ ဟော်ကျင်းချန်ဆိုတာ သူမ ဘယ်
တော့မှ မမျှော်မှန်းရဲတဲ့ လူတစ်ယောက်ပါ။ အခု
တော့ သူမကြောင့် အဖြေတောင် မဖြေနိုင်တော့ပါ
ဘူး။“ရှင်က တစ်ချိန်တည်းမှာ ချိုသာလိုက် အေးစက်
လိုက်နဲ့ ကျွန်မ တကယ် ရှင့်ကို နားမလည်တော့ဘူး။ ရှင့်ကို ကျွန်မ တကယ်ကြောက်မိတယ်”သူမ စိတ်ထဲရှိတာတွေ အကုန်ပြောလိုက်ပြီးတဲ့အ
ခါ သူမ စိတ်ထဲ တော်တော်လေးကို ပေါ့သွားခဲ့ပါတယ်။တစ်ဖက်မှာတော့ ဖုန်းကိုင်ထားတဲ့ ဟော်ကျင်းချန်
တစ်ယောက် ဘာမှ မပြောနိုင်ဘဲ ဆွံ့အနေခဲ့တယ်။