Chapter 16

4.9K 565 2
                                    

Chapter 16 (သား သူ့ကိုဆုံးမလိုက်စမ်းပါ)

ကျီချီစန်းဟာ ကုယွမ်ကို သူ့အနောက်မှာထား လိုက်ပြီး နျဲ့ယွီကို သတ်ပြစ်ချင်နေတဲ့ အကြည့်စူးစူးကြီးနဲ့ စိုက်ကြည့်နေလိုက်တယ်။
"နျဲ့ယွီ၊ မင်း ဒါဘာလုပ်နေတာလဲ”

နျဲ့ယွီတစ်ယောက် မခန့်လေးစားပုံစံနဲ့ မေးစေ့ကိုပွတ်လိုက်ပြီး “ဘာမှမဟုတ်ပါဘူးကွာ။ မင်းရဲ့ ဝမ်းကွဲညီမလေးကို စနောက်နေရုံပါ”

စကားပြောနေတုန်း သူ့ရဲ့ဘယ်ဘက်ပါးပေါ်က လက်ငါးချောင်းရာကိုလည်းမြင်ရော ကျီချီစန်း အံ့ဩသွားခဲ့တယ်။

အဲဒီနောက် သရော်ပြုံးပြုံးလိုက်ပြီး ရှေ့ကိုတိုးလိုက်ကာ နျဲ့ယွီမျက်နှာ တည့်တည့်ကို လက်သီးနဲ့ ထိုးချလိုက်တယ်။ အားက အရမ်းကိုပြင်းလွန်းပါ
တယ်။

နျဲ့ယွီတစ်ယောက် ရုတ်တရက်ဆိုတော့ သတိမထားမိလိုက်ဘူး။ နျဲ့ယွီ လဲကျသွားပြီး နှုတ်ခမ်းထောင့်ကနေ သွေးစီးကျလာတာကို သတိထားမိလိုက်တယ်။ ပါးစပ်ထဲက ခပ်ငန်ငန် သွေးတွေကို
ထွေးထုတ်လိုက်ပြီး နျဲ့ယွီရေရွတ်လိုက်တာက ...
“ကျီချီစန်း၊ ခွေးကောင် ...”

ပြောပြီးတဲ့နောက် နျဲ့ယွီ ပြန်ထိုးဖို့ လက်သီးနဲ့ ရွယ်လိုက်တယ်။

သူတို့နှစ်ယောက်လုံးဟာ လက်ဝှေ့ကို သင်ယူတတ်မြောက်ထားသလို လက်ဝှေ့ထိုးပွဲတွေကိုလည်း စိတ်ဝင်တစား ကြည့်တတ်သူပါ။ ဒီတော့ သူတို့ နှစ်ယောက် တိုက်ခိုက်ဖို့ စတင်လိုက်တာနဲ့ ချက်ချင်း အဲဒီနေရာဟာ စစ်မြေပြင်ကြီး ဖြစ်ခဲ့တာပေါ့။

ကုယွမ်ကတော့ အခုအချိန်ထိ သူမ,သားရဲ့နောက်မှာ ပုန်းကွယ်နေတုန်းပါ။ ကျီချီစန်းက နျဲ့ယွီကို ထိုးလိုက်တဲ့အခါ သူမ စိတ်ထဲမှာ ကျေနပ်သွားခဲ့ပေမယ့် သူတို့နှစ်ယောက် အပြန်အလှန် တိုကိခိုက်နေကြချိန်မှာတော့ သူမ စိုးရိမ်လာခဲ့ပါတယ်။

သူမ,သားကပဲ တခြားသူကို ရိုက်နှက်ထိုးကြိတ်လို့ရမယ်။ တခြားသူကတော့ သူမ,သားကို ဘယ်လိုနည်းနဲ့မှ လာထိစရာအကြောင်းမရှိဘူး ...

ဟုတ်ပါတယ်။ သူမက တစ်ကိုယ်ကောင်းဆန်ပါ
တယ် ...

ယောက်ျားငယ်လေးနှစ်ယောက် ရန်ဖြစ်နေတဲ့ မြင်ကွင်းကိုကြည့်ပြီး အကျယ်ကြီး အော်ပြောလိုက်
တယ်။ “ငါ့သားကိုမထိနဲ့ ... ငါ မင်းနဲ့တိုက်ခိုက်မယ်”

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now