Chapter 25

4.7K 557 10
                                    

Chapter 25 “ သူက မင်းအမေပဲ”

နျဲ့ယွီတစ်ယောက် Weibo မှာ “j” အကောင့်ရဲ့ post ကို AK အုပ်စု Page က ပြန်တင်ထားတဲ့အပြင်
ကျီကျန်းထျင်ရဲ့ post ပါ တက်လာတာကို မြင်
ပြီး ဟိုကလေးမလေးက ကျီချီစန်းရဲ့အမေ ဆိုတာ လက်ခံလိုက်ရပါတော့တယ်။ အဲ့တုန်းကဆိုရင် သူသောက်နေတဲ့ အဖိုးတန် ကွီရှားကော်ဖီတောင် သီးသွားခဲ့ပါသေးတယ်။

သူ သတင်းတွေဖတ်ပြီး မျက်ရည်ထွက်အောင် ရယ်မောလိုက်တယ်။ “မင်းတို့ တွေ့လား။ အဲ့ကောင်မလေးက ကျီချီစန်းရဲ့အမေတဲ့။ ကျီကျန်းထျင်ကတောင် ဝင်ပြီး ထောက်ခံပေးလိုက်သေးတယ်။ ပြီးတော့ အတင်းအဖျင်း ပြောတဲ့သူတွေကိုပါ တရားစွဲမယ်ဆိုပဲ။ ဟား ဟား ဟား”

သူငယ်ချင်းတွေ ဖြစ်တဲ့ ချန်ရှောက် နဲ့ ပျန့်ကျင်းယွင် တို့နဲ့အတူ ထုံးစံအတိုင်း ကစားနေကြတာပါ။ ဒီစကားကိုကြားတော့ နှစ်ယောက်လုံးလှည့်ကြည့်လိုက်တယ်။ ပြီးတော့ အတူတူရယ်မောလိုက်ကြပါတယ်။

“ကျီကျန်းထျင်မှာ သူများကို တရားစွဲဖို့ အာဏာရှိသေးတယ်ပေါ့။ သူ့ခေတ်က ကုန်နေပါပြီကွာ”

“ငါတို့ အဲ့ကောင်မလေးကို မြင်ခဲ့တာပဲ။ သူ့ကိုကြည့်ရတာ အသက် ၂၀ တောင် ကျော်ချင်မှ ကျော်ဦးမှာ။ ကြည့်ရတာ ကျီချီစန်းက လမ်းဘေးကကောင်မလေးနဲ့ ချစ်ကြိုက်မိပြီး သူ့အမေလို့ ဖြေရှင်းတာနေမှာ။ တုံးတာလား၊ အ,တာလား ပဲ။ ဒါကြီးကို ဘယ်သူကယုံမှာလဲ”

“ဟား ဟား ဟား၊ ဒါကြီး ဒါကြီးကတော့ စောက်ပြဿနာပဲဟေ့။ ငါ့နှယ် ရယ်နေရတာ သေတော့မယ်။ ဟျောင့်တွေ၊ ငါတို့ သူ အိမ်မှာ ဟိုကောင်မလေးကို အမေလို့ ဘယ်မျက်နှာနဲ့ခေါ်နေလဲဆိုတာ သွားကြည့်ရအောင်”

စိတ်တိုင်းကျ ရယ်မောပြီးတဲ့နောက်မှာ နျဲ့ယွီ ရဲ့မျက်နှာပေါ်ကအပြုံးက တဖြေးဖြေးနဲ့ ပျောက်ကွယ်သွားပါတယ်။ သူ အံ့ဩမိတာက “ဘယ်လိုလုပ်ပြီး ကျီချီစန်းက ဒီလိုအလိမ်အညာမျိုးဖန်တီးရတာလဲ။ ဒီတိုင်းအချင်းချင်းချစ်ကြိုက်ကြတာပဲမဟုတ်လား။ ဒါက အရေးကြီးတဲကိစ္စမှ မဟုတ်တာ။ ဘာလို့ ဒီလိုလိမ်ညာရတာပါလိမ့်”

သူပြောမှ ချန်ရှောက် နဲ့ ပျန့်ကျင်းယွင်လည်း ထူးဆန်းနေတယ်လို့ စဉ်းစားမိခဲ့ပါတယ်။
“ကောင်မလေးမှာ လူသိမခံနိုင်တဲ့ အတိတ်ရှိနေလို့များလား”

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now