Chapter 134

2.7K 280 1
                                    

Chapter 134

ကုယွမ်ဟာ ကမ်မလီနဲ့ ဖုန်းပြောပြီးနောက်မှာ စိတ်ထဲ အတော်လေးပေါ့သွားပါတယ်။ တကယ်တမ်း
ဟော်ကျင်းချန်ဟာ သူမ သားဖြစ်သူရဲ့အဖေတစ်ယောက် မဟုတ်လား။

သား ငါးယောက်လုံးမှာ အဖေတွေရှိနေတာပဲလေ။

အဲ့နောက် ကုယွမ်က ဟော်ကျင်းချန်အကြောင်း
ကြားခဲ့ရတာတွေကို ပြန်စဉ်းစားကြည့်လိုက်တယ်။ သူ့ရဲ့အိမ်ထောင်ပျက်တာတွေ၊ သူ့ဘဝရဲ့မှောင်မိုက်တဲ့ညတွေ အကြောင်းပေါ့။

ဒါကို ဘယ်သူက လက်ထပ်ဖို့ စဉ်းစားရတာလဲ။

ကျွင်းထျန်ရဲ့အမေ့အပေါ် သိတတ်မှုတွေ၊ ချီစန်းရဲ့ဂရုစိုက်မှုတွေ၊ နျဲ့ယွီရဲ့ နူးညံ့ညင်သာမှု
တွေကို မမြင်တော့ဘူးလား ကုယွမ် ...

သည်လို တွေးပြီးတဲ့နောက် ကုယွမ်ဟာ သူမရဲ့သားလေးယောက်ဆီကို သွားခဲ့တယ်။
အခုဆို သား လေးယောက်လုံးက လူတွေကို သူမ
ဟာ သား လေးယောက်လုံးရဲ့အမေဖြစ်ကြောင်း
ပြောခဲ့ပါတယ်။

နန်ကုန်း အိမ်တော်ထိန်း ပြောတဲ့အတိုင်းဆို ကျန်းယင်ဖုန်းဟာ တိတ်တဆိတ်နေချင်တာ
ကြောင့် မင်းသား Muqdata က ဥယျာဉ်ရဲ့နောက်မှာ Villa လေး စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။

သူမ ရောက်လာတော့ နန်ကုန်း အိမ်တော်ထိန်းက
ပြုံးရွှင်စွာ ကြိုဆိုပါတယ်။
“မိန်းကလေး ကု၊ သခင်လေးက အခု သူ့ကို ဘယ်သူမှ မနှောင့်ယှက်ဖို့ မှာသွားပါတယ်”

“ဟုတ်လား။ ကျွန်မက သူ့ကို တွေ့ချင်လို့ လာခဲ့တာ
ကို”

“ဟုတ်တော့ ဟုတ်ပါတယ် မိန်းကလေး ကုရယ်။ အခုဟာက သခင်လေးက နက္ခတ်နဲ့ ဆိုင်တာတွေလုပ်နေတာဆိုတော့ သူ စိတ်ရှုပ်မှာစိုးလို့ ထင်တယ်”

အဲ့နောက် ကုယွမ်ဟာ ဘာမှမပြောပဲ ထွက်လာ
ပြီး သားတွေနဲ့ အုပ်စုဖွဲ့ စကားပြောခန်းထဲကို ဝင်
လိုက်ပါတယ်။

အဲ့နောက် စိတ်ညစ်နေတဲ့ emoji လေး ပို့လိုက်တယ်။ ပို့ပြီးပြီးချင်းပဲ ကျီချီစန်း၊ လော့ကျွင်းထျန်
နဲ့ ဟော်လန်တင်းတို့ဟာ ပြာပြာသလဲ ဘာဖြစ်
တာလဲလို့ မေးလိုက်ကြတယ်။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now