Chapter 133

3K 294 2
                                    

Chapter 133 (သဲထဲရေသွန် ဖြစ်သွားရပြီ)

နျဲ့ယွီတစ်ယောက် သူ့လက်ထဲက ကြောင်ကို တင်းကြပ်စွာ ဆုပ်ကိုင်လျက် "မား၊ ကျွန်တော် မစ္စတာ ဟော်နဲ့ တွေ့လို့ စကာနည်းနည်း ပြောနေတာပါ"

သူ့လက်ထဲက ကြောင်က 'မြောင်' လို့ အော်ကာ ရုန်းကန်လာတယ်။
"ကျွန်တော် ဒီကြောင်ကို မွေးမလို့"

ကုယွမ် : "မစ္စ ဟော်၊ ဒီကြောင်က"

ဟော်ကျင်းချန် : "မစ္စတာ နျဲ့ သဘောကျတယ်ဆိုလို့ မွေးဖို့ ပေးလိုက်တာပါ"

ကုယွမ် အကူအညီမဲ့စွာ နျဲ့ယွီကို ကြည့်လိုက်ပြီး "နျဲ့ယွီ၊ ဘယ်လိုလုပ်ပြီး မစ္စတာ ဟော်ကို ကြောင် တောင်းရတာလဲ"

နျဲ့ယွီက စူပုပ်ပုပ်ဖြင့် ကြောင်ကို ဖက်ထားကာ ...
"မား၊ ဒီကြောင်က လန်တင်းရဲ့ ကြောင်နဲ့ တူတယ်။ သူတို့နှစ်ကောင်က ညီအစ်ကိုတွေ ဖြစ်နေနိုင်တယ်။ ကျွန်တော်နဲ့ လန်တင်းကလည်း ညီအစ်ကိုတွေဆိုတော့ ဒါက ကံကြမ္မာအရ ဆုံစည်းမှုလေ"

ကုယွမ်တစ်ယောက် ဆွံ့အသွားရလေရဲ့။

"သူတို့က ညီအစ်ကိုတွေဆိုတာ ဘယ်လိုလုပ် သိတာလဲ၊ သားအမိတွေလည်း ဖြစ်နိုင်တယ်လေ"

သားအမိတွေလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

နျဲ့ယွီက သည်ကြောင်ကို သူ့ရဲ့မား လက်ထဲမရောက်စေချင်ပါဘူး။ မဟုတ်ရင် ဟော်ကျင်းချန်ရဲ့ အကြံအစည် အောင်မြင်သွားလိမ့်မယ်။

"မား၊ ဒီကြောင်က အထီးပါ"

ကုယွမ်မှာ သားဖြစ်သူရဲ့ ပုံစံကြောင့် ပိုပြီးတောင် အကူအညီမဲ့လာရတယ်။ ရှက်ရွံ့စွာဖြင့် ဟော်ကျင်းချန်ကို ကြည့်ကာ "ကျွန်မ တကယ် တောင်းပန်ပါတယ်ရှင့်။ သူက ဒီကြောင်ကို အရမ်းသဘောကျနေပုံရတယ်"

တွေးကြည့်မှ သူက လန်တင်းရဲ့ အေဗရာဟမ် ကို အမြဲတမ်း နှစ်သက်ခဲ့တာပဲ။ တစ်ခါတလေ ကြောင်ကို စနောက်ဖို့အတွက် လန်တင်းရဲ့ အခန်းထဲကိုတောင် ခိုးဝင်တတ်တယ်။ ညီအစ်ကိုနှစ်ယောက်က ကြောင်တစ်ကောင်အတွက် မကြာခဏ ရန်ဖြစ်လေ့ရှိတာပေါ့။

အခု တစ်ယောက် တစ်ကောင်ရပြီဆိုတော့ ပြဿနာတစ်ခု ရှင်းသွားပြီပေါ့လေ။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now