Chapter 61

4.2K 494 2
                                    

Chapter 61 (ကျီချီစန်းရဲ့ဂရုစိုက်မှု)

ရွှမ်းကျီကျွမ်း ဇာတ်ကောင်နေရာမှာ ကုယွမ်ကသရုပ်ဆောင်ရမှာပေါ့။

ဟော်စစ်ကျားတစ်ယောက် ယောက်ယက်ခတ်သွားတယ်။
“မဖြစ်နိုင်ဘူး။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါတို့ သူ့ကို လှောင်နေတုန်းကတောင် ငါတို့ကို ဘာမှပြန်မပြောခဲ့ဘူးလေ”

အဲ့အချိန်မှာပဲ ဟော်စစ်ကျားဟာ ဖုန်းကို အမြန်ထုတ်ပြီး ကြည့်လိုက်တယ်။ တကယ်ပဲ ကုယွမ် ဖြစ်နေတာပါ။

တခြားကျောင်းသူတွေလည်း အပြေးအလွှား ဓာတ်ပုံကို ကြည့်ကြတာပေါ့။ ဓာတ်ပုံထဲမှာ ကုယွမ်ဟာ ရှေးဟောင်းဝတ်စုံ မိတ်ကပ်အပြင်အဆင်နဲ့ အထင်ကရနေရာတွေမှာ ကြောက်လန့်မှုမရှိ ရဲတောက်နေတဲ့ မျက်ဝန်းတစ်စုံဖြင့် ပရိသတ်တွေရဲ့အသည်းကို ဖမ်းစားနိုင်ခဲ့ပါတယ်။
“ဘယ်လိုဖြစ်ပြီး ကုယွမ်က ဒီလောက် သဘာဝကျအောင် ပုံဖော်နိုင်ရတာလဲ”

“ဒီပုံကိုကြည့်ပြီးတော့ ဒီကားက အတော်ပေါက်မယ့်ဇာတ်ကားလို့ သတ်မှတ်လို့ရနေပြီ”

“ဒါပေမယ့်လေ ကုယွမ်ရဲ့မျက်နှာက အရမ်းကြီးတော့ ပြောင်းမသွားပါဘူး။ ကြည့်ရတာ ကုယွမ်နဲ့ ရွှမ်းကျီကျွမ်းနဲ့ တစ်ထပ်တည်းကျနေတာပဲ ဖြစ်မယ်”

ဟော်စစ်ကျားကတော့ မယုံကြည်နိုင်စွာ ဒေါသူပုန်ထနေခဲ့တာပေါ့။

ဒါကြောင့် သူမ လှည့်ထွက်သွားခဲ့တယ်။

အဲ့အချိန်မှာ အတန်းထဲကကောင်မလေးက ပြော
လိုက်တယ်။
“တကယ်တော့ စစ်ကျားပြောတာ အမှန်ပါပဲလေ။ ဒီဇာတ်ကားရဲ့ကြိုးကိုင်သူတွေက သေချာပေါက်ဖြစ်သလိုတော့ ဘယ်ရွေးမလဲ။ တကယ့် သရုပ်ဆောင်မှု စွမ်းရည်နဲ့ တကယ့်အရည်အချင်းအပေါ် မူတည်ပြီး ရွေးခဲ့မှာ သေချာတယ်”

ချန်ယုတင်း : “ဟုတ်တာပေါ့။ ကုယွမ်က အရမ်းချမ်းသာပြီး အရည်အချင်းရှိတယ်။ ဒါပေမယ့် သူက မထင်မပေါ်နေတော့ သူ့ကို လူတွေကအထင်လွှဲပြီး အနိုင်ကျင့်ကြတာပေါ့။ ဒါတောင် သူက ငြိမ်ခံနေသေးတာ။ တကယ်တမ်း ကုယွမ်ကို ကြည့်လိုက်တာနဲ့ ဒီနေရာက သူမနေရာပဲဆိုတာ သိသာပါတယ်”

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now