Chapter 137 (ကုယွမ်နဲ့ဟော်ကျင်းချန်)
သူက အခုထိ မိန်းကလေး ကုလို့ ခေါ်နေမိတာပဲ။ သည်တော့ သေချာပေါက် စိတ်ဆိုးမှာပေါ့လေ။
ဟော်ကျင်းချန် : “ကိုယ် တောင်းပန်ပါတယ်ကွာ။
ဒါဆို ကိုယ် ဘယ်လိုခေါ်ရမလဲ၊ မိန်းကလေး ကု”သည်စကားကို ကြားတော့ ကုယွမ်က ခပ်ရွဲ့ရွဲ့အော်ရယ်မိပါတယ်။
“မစ္စတာ ဟော်၊ ကျွန်မပင်ပန်းနေပြီ။ နားချင်ပြီမို့ ရှင်ပြန်ပါတော့”ဟုတ်တယ်လေ။ ပြောနေတဲ့ကြားက မိန်းကလေး ကုလို့ ထပ်ခေါ်မိတဲ့ ယောက်ျားကို ဘယ်လို ခွင့်လွှတ်ပေးစရာရှိမှာလဲ။
ဟော်ကျင်းချန် : “မသွားပါနဲ့”
အဲ့နောက် ကျင်းချန်ဟာ မဝံမရဲအသံနဲ့ ...
“ကိုယ် မင်းကို ယွမ်ယွမ်လို့ ခေါ်မယ်လေ၊ ရလား”
လို့ မေးလိုက်တယ်။ကုယွမ် သည်အသံကို ကြားတာနဲ့ လုံးဝ ဒေါသတွေပြေသွားပြီး “ကလေးတော့ ဆန်သလိုပဲ။ ဒါပေမယ့် ရှင့်သဘောပါ” လို့ ဖြေလိုက်တယ်။
အဲ့နောက် ဟော်ကျင်းချန်ဟာ ယွမ်ယွမ် လို့ ထပ်ခါတလဲလဲခေါ်ကြည့်နေတော့တာပေါ့။
ကုယွမ် : “ရှင် ဘာဖြစ်နေတာလဲ”
ဟော်ကျင်းချန် : “ကိုယ် အကျင့်ပါအောင် ခေါ်ကြည့်နေတာလေ”
အဲ့ညက သူမ တံခါးဖွင့်မပေးခဲ့ပါဘူး။ ဟော်ကျင်းချန်ဟာ သူမအတွက်တော့ သားတွေရဲ့အဖေထဲကတစ်ယောက် မဟုတ်လား။ သူတို့နှစ်ယောက်က အရင်ကတည်းက သိပ်မရင်းနှီးခဲ့ကြဘူးလေ။
သူမအတွက်တော့ ဟော်ကျင်းချန်ဟာ လှမ်းမမှီတဲ့ကြယ်တစ်ပွင့်လိုပါပဲ။ သည်လိုလူက သူမ ခံစားသိရှိနိုင်တဲ့ အကွာအဝေးတစ်ခုအထိ နီးကပ်
လာတဲ့အခါ သူမ ရင်လည်းခုန်မိသလို ကြောက်ရွံ့
တုန်လှုပ်မိပါတယ်။ဒါကြောင့် ထွက်မတွေ့တာက အကောင်းဆုံးပဲလို့ သူမတွေးခဲ့မိတယ်။
အဲ့ညက တစ်ညလုံး ကုယွမ်တစ်ယောက် အိပ်မရဘဲ လူးလှိမ့်နေတော့တာပေါ့။ သူမရဲ့နားထဲမှာ ဟော်ကျင်းချန်ရဲ့ ယွမ်ယွမ်လို့ခေါ်တဲ့အသံတွေ ပဲ့တင်ထပ်နေပြီး ကျေနပ်ပီတိ ဖြစ်နေခဲ့လေရဲ့။