Chapter 125

2.5K 254 1
                                    

Chapter 125 (ကန္တာရဒေသကို လာခြင်း)

ကုယွမ်တစ်ယောက် စိတ်သက်သာရာ ရသွားခဲ့တယ်။

နျဲ့ယွီက အမြဲတမ်း ဟော်ကျင်းချန်နဲ့ ဟော်လန်တင်းတို့ သားအဖ အပေါ် အနည်းငယ် အမြင်မကြည်မှုလေးတွေ ရှိတယ်ဆိုတာ သူမ သိပါတယ်။

ဒါပေမယ့် အခု သူတို့ ငြိမ်းငြိမ်းချမ်းချမ်း စကားပြောနေတာကို မြင်လိုက်ရတော့ နျဲ့ယွီက တကယ် အမျှော်အမြင်ရှိတဲ့ ကလေးတစ်ယောက်လို့ သူမ ထင်လိုက်မိတယ်။

ကျန်းယင်ဖုန်း မှာရော ဘယ်လိုအကျင့်စရိုက်လေးတွေ ရှိမလဲ မသိဘူး။

နောက်ဆုံးမှာတော့ လေယာဥ်က Chalabor ရဲ့ မြို့တော်ကို ဆိုက်ရောက်လာခဲ့တယ်။
အချိန်က ညနေခင်းဖြစ်ပြီး မြို့တစ်ခုလုံးက မြင့်မားရှည်လျားတဲ့ အဆောက်အဦးတွေနဲ့ ပြည့်နေခဲ့ပါတယ်။

မြို့အပြင်ဘက်မှာတော့ ရွှေဝါရောင် သဲတွေက ပြာလဲ့လဲ့ရေကန်ကို ဝန်းရံထားပြီး ငြိမ်သက်တဲ့ အလှတရားကို ပေးစွမ်းနေတယ်။

မြေပြင်ပေါ်တွင် တည်ဆောက်ထားတဲ့ အိမ်တွေမှာ အမိုးချွန်တစ်ခုရှိနေပြီး ကျယ်ပြန့်တဲ့ ပြင်သစ်စတိုင် ပြတင်းပေါက်တွေ တပ်ဆင်ထားတယ်။

မိုးပြာရောင် ကောင်းကင်နှင့် ပြန့်ကျဲနေတဲ့ Chalabe စတိုင် အဆောက်အအုံမြင့်တွေဟာ တစ်ခုနဲ့တစ်ခု ပနံသင့်နေကာ ငြိမ်သက်ပြီး လျို့ဝှက်ဆန်းကြယ်တဲ့ လေထုကို ဖန်တီးနေတယ်။

ဟော်ကျင်းချန်က ကြိုတင် ဆက်သွယ်ထားတာကြောင့် Sharaber တော်ဝင်မိသားစုရဲ့ တတိယမင်းသားက သူတို့ကို ကိုယ်တိုင်ကိုယ်ကျ လာတွေ့ဆုံခဲ့တယ်။

သူက ထင်ရှားတဲ့ မျက်နှာအစိတ်အပိုင်းတွေနှင့် ရယ်မောရတာကို နှစ်သက်ပုံပေါ်တဲ့ လူငယ်လေးတစ်ယောက် ဖြစ်တယ်။
သူက အသက် ၃၀ ခန့် ဖြစ်ပြီး Muqtadaibn AzizRahman ဆိုတဲ့ ရှည်လျားလှတဲ့ နာမည်တစ်ခု ရှိကာ သူ့ကို Muqtada လို့ ခေါ်တွင်စေတယ်။

ဟော်ကျင်းချန်က နျဲ့ယွီကို မိတ်ဆက်ပေးတော့ လက်ဆွဲ နှုတ်ဆက်လိုက်ကြတယ်။ နျဲ့ယွီလည်း သူ့ရဲ့မင်္ဂလာပွဲကို တက်ရောက်ခဲ့တာကြောင့် သူတို့အချင်းချင်း မြင်ဖူးပြီးသား ဖြစ်ပါတယ်။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now