Chapter 119 (ဟော်ကျင်းချန်ရဲ့ ကလေးဘဝ)
"မစ္စတာဟော် ကလေးဘဝတုန်းကရော အတူတူပဲလား "
ကုယွမ်က အဲ့လို မေးလိုက်တော့ ဟော်ကျင်းချန်ရဲ့ မျက်လုံးတွေက အနည်းငယ် လှုပ်ရှားသွားပြီး ကုယွမ်ကို အပြုံးတစ်ခုဖြင့် ကြည့်လာခဲ့တယ်။
သူက သားဖြစ်သူကလွဲပြီး အခြားလူတွေကို ရယ်ပြခဲတဲ့သူပါ။
"ဟုတ်တယ်၊ အတူတူပဲ။ ကျွန်တော်က မိဘတွေရဲ့ တစ်ဦးတည်းသော သားလေ။ ကျွန်တော် မွေးတုန်းက ဟော် မိသားစုအတွက် အခက်ခဲဆုံးအချိန်တွေ ဖြစ်ခဲ့တယ်။
ကျွန်တော်က မိသားစုအတွက် မျှော်လင့်ချက်ဖြစ်ပြီး ကျွန်တော့်ရဲ့ မွေးဖွားလာမှုက ဟော်မိသားစုကို အလင်းရောင်ယူဆောင်လာတာလို့ သူတို့က ပြောကြတယ်"
ကုယွမ်တစ်ယောက် တွေးကြည့်လိုက်တော့ သူက လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်လောက်က အခြေအနေကို ပြောနေခဲ့တာမှန်း သိလိုက်တယ်။
အဲ့သည့်အချိန်တုန်းက ကမ္ဘာ့စီးပွားရေး ပျက်ကပ်တစ်ခု ဖြစ်နေပြီး နိုင်ငံအများစုက ခံနိုင်ရည်မရှိခဲ့ကြဘူး။
သူမရဲ့ ဘဝကတော့ သာမန်ပြည်သူပါပဲ။ သူမက ဟော် မိသားစုရဲ့ တည်ရှိမှုကိုတောင် မသိခဲ့ပါဘူး။
အခု ဟော်ကျင်းချန် ပြောလို့ ပြန်တွေးကြည့်မှ အဲ့တုန်းက ဟော်မိသားစုလို စီးပွားရေးကို အဓိကထားတဲ့ အင်အားစုတွေမှာ သက်ရောက်မှု အကြီးကြီး ရှိခဲ့လိမ့်မယ်။"နောက်တော့ရော ..."
သူမ ဂရုတစိုက်ဖြင့် မေးလိုက်တယ်။"နောက်တော့…"
ဟော်ကျင်းချန်ရဲ့ မျက်လုံးတွေက အဝေးတစ်နေရာကို ကြည့်နေခဲ့တယ်။"နောက်တော့ ကျွန်တော် အရွယ်ရောက်လာပြီး မျှော်မှန်းချက်တွေနဲ့ ကိုက်ညီအောင် နေခဲ့တယ်"
သူ အများကြီး မပြောခဲ့ပါဘူး။
'မျှော်မှန်းချက်တွေနဲ့ ကိုက်ညီအောင် နေခဲ့တယ်' ဆိုတာ စကားလုံး 4 လုံး (တရုတ်လို) တည်းဖြစ်ပေမယ့် ကုယွမ်က ထိုစကားလုံးတွေရဲ့ အလေးချိန်ကို မသိခဲ့ဘူး။"ဝိုး…မား၊ ပါး အေဗရာဟမ်ကို ဖမ်းလိုက်"
ဟော်လန်တင်းက ပျော်ရွှင်စွာ ပြုံးနေခဲ့ပြီး ကြောင်လေးကတော့ အမွှေးပွ ခြေထောက်တိုတိုလေးတွေနဲ့ ပြေးနေခဲ့တယ်။