Chapter 21

5K 532 0
                                    

Chapter - 21

ခဏလောက်နေတော့ သူမဟာ ကုယွမ် အတွက်  ပြောင်းဝတ်ဖို့ အဝတ်အစား ရွေးပေးခဲ့ပါတယ်။ နောက်တော့ ကျောင်းအတွက်လိုအပ်မယ့် ပစ္စည်းကိရိယာလေးတွေ သွားဝယ်ခဲ့တယ်။ အခုဆို ကုယွမ့်မှာ ပစ္စည်းအစုံရှိနေပါပြီ။ သူမအနေနဲ့ တနင်္လာနေ့မှာ ကျောင်းစတက်ပြီး ဘဝအသစ်စဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ။ ကုယွမ်ဟာ သည့်အတွက် အရမ်းကိုစိတ်လှုပ်ရှားခဲ့သလို အရမ်းလည်း မျှော်လင့်ထားခဲ့တယ်။

ကျီချီစန်းဟာ ကုယွမ်နဲ့ စကားပြောပြီးတဲ့နောက် ကုယွမ်ရဲ့အခြေအနေဟာ ကောင်းမွန်နေပြီး နိုးထလာခါစတုန်းကထက် အခြေအနေအများကြီးတိုးတက်လာတာကို သတိထားမိသွားကာ ကမ်မလီကို ပိုက်ဆံထပ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

မမျှော်လင့်ထားတဲ့ ပိုက်ဆံပမာဏကို ထပ်မံရရှိလိုက်ပြန်တဲ့ ကမ်မလီဟာ ကလေးတစ်ယောက်လို ပျော်ရွှင်နေခဲ့တာပေါ့။

ဒီတော့ သုံးယောက်စလုံးအရမ်းကို စိတ်ချမ်းသာနေခဲ့ပါတယ်။

ကျီကျန်းထျင်တစ်ယောက်ပဲ မကျေမချမ်းနိုင်ဖြစ်နေခဲ့တာပါ။

သူဘာလို့များ သူ့ကောင်မလေးကို အိမ်ကိုခေါ်လာခဲ့ပြီး သူ့ကို လမ်းခွဲရအောင် လုပ်မိခဲ့တာလဲဆိုတာ သူ့ကိုယ်သူတောင် နားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။

သူ ကမ်မလီက စိတ်အေးအေးထားဖို့ပြောပြီး နောက်ရက်မှ ဒီအကြောင်းဆက်ပြောရအောင်လို့ပြောခဲ့ပေမယ့် ကမ်မလီကတော့ သဘောမတူခဲ့ပါဘူး။ ကမ်မလီဟာ မေးတစ်ချက်ငေါ့ပြီး သူ့ကိုကြည့်လိုက်တယ်။ နောက်တော့ သူမအနေနဲ့ သူ့ကိုဆက်မတွဲနိုင်တော့ဘူးလို့ ပြောခဲ့ပါတယ်။

ဒီလိုအခြေအနေက ကျီကျန်းထျင်အတွက် ပထမဆုံးကြုံတွေ့ရခြင်းပါ။ သူကသာ ကောင်မလေးတွေကို တွဲရတာပျင်းလာရင် လမ်းခွဲလေ့ရှိတာပါ။ ကောင်မလေးဘက်ကနေ စလမ်းခွဲဖို့ဆိုတာ သူ့အတွက်တော့ မဖြစ်နိုင်ခဲ့တဲ့အရာတစ်ခုပါပဲ။

ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စမျိုး ဖြစ်လာခဲ့ရတာလဲ။

သူ့ရဲ့အချစ်စက်ဝိုင်းက အချိန်သုံးလပဲကြာတယ်ဆိုပေမယ့် အခု သူအချစ်ကို ထိတွေ့နေတဲ့အချိန်မှာ ကြုံတွေ့လိုက်ရတဲ့ ကမ်မလီရဲ့လမ်းခွဲမှုဟာ သူ့ကို တစ်ခုခုဆုံးရှုံးလိုက်ရသလို ခံစားချက်ကြီး ဖြစ်ပေါ်စေခဲ့ပါတယ်။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now