Chapter 81

4.2K 489 14
                                    

Chapter 81 (လေလံပွဲ)

ဟော်လန်တင်းရဲ့ ရည်မှန်းချက်မှာ ပြိုကွဲလုနီးပါး ဖြစ်သွားရတယ်။

သူ ခဏလောက် တောင့်ခဲသွားပြီး အချိန်ကို ငုံ့ကြည့်လိုက်တော့ တကယ်ကို 9 နာရီ ထိုးနေပြီ။

သူ့ရဲ့ပါပါးက 9 နာရီ မခွဲခင် အိပ်ရမယ်လို့ ပြောထားတယ်။ အပြင်မှာ ရောက်နေရင်တောင် အိမ်တော်ထိန်း သွမ့်မူ နဲ့ တာဝန်ကျတဲ့ နာနီက သူ့ကိုအိပ်ဖို့ သတိပေးမှာပါ။

ဟော်လန်တင်းတစ်ယောက် မျက်မှောင်ကျုံ့ကာ အကူအညီမဲ့နေတဲ့ ပုံစံလေးဖြင့် "ဒီနေ့က အထူးစပရှယ်အနေနဲ့ နောက်ကျလို့ မရဘူးလား"

ကြယ်သရဖူကို လေလံဝင်ဆွဲပြီး ကုယွမ်ကို ပေးချင်သေးတယ်လေ။

"သခင်လေး၊ ကလေးငယ်တွေက နောက်ကျမှ အိပ်ရင် အရပ်ထွက်တာကို သက်ရောက်စေလိမ့်မယ်။ သခင်လေးရဲ့ အဖေသိရင်လည်း စိတ်ဆိုးလိမ့်မယ်နော်"

ဟော်လန်တင်းက စိုးရိမ်ပူပန်နေခဲ့တယ်။

အခု ပြန်ပြီးအိပ်မှတော့ လေလံပွဲကို ဘယ်လိုလုပ်မှာလဲ။

မျက်လုံး လှိမ့်လိုက်ပြီးနောက် အပြင်မှာရှိတဲ့ ဘော်ဒီဂတ်တွေကို ဂရုတစိုက်ကြည့်ကာ အိမ်တော်ထိန်း သွမ့်မူကို တောင်းဆိုတော့တယ်။

"အိမ်တော်ထိန်းသွမ့်မူ၊ ကျွန်တော်က အခု တရုတ်မှာလေ။ ကျွန်တော်တို့နိုင်ငံနဲ့ဆို အကွာအဝေးအရ ဒီနေရာနဲ့ အချိန်ကွာခြားမှုရှိတယ်။ ဒီနေရာမှာ 9 နာရီဖြစ်ပေမယ့် ဟိုဘက်မှာ 7 နာရီလောက်ပဲ ရှိဦးမှာဆိုတော့ ကျွန်တော် နေသား မကျသေးဘူး။ ကျွန်တော့် မျက်စိတွေ အိပ်ချင်လာဖို့ နောက်ထပ် 2 နာရီ လိုသေးတယ် "

သွမ့်မူ အိမ်တော်ထိန်းလည်း သခင်လေးပြောတာကို လက်ခံနိုင်တာကြောင့် အပြင်ဘက်ရှိ ဘော်ဒီဂတ်တွေကို ခိုးကြောင်ခိုးဝှက် ကြည့်လိုက်တယ်။ ခေါင်းအကြီးနဲ့ ခေါင်းအသေးလေး နှစ်လုံးက ပူးကပ်နေပြီး အသံတိုးတိုးဖြင့်ပြောလိုက်တယ်။

"ဒါဆို သခင်လေး ဒီနေ့ နောက်ထပ် 1 နာရီ နေပြီးရင်တော့ အိပ်ရမယ်နော်။ မဟုတ်ရင် သခင်ကြီးကို ပြန်ပြောမှာ"

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now