Chapter 28

4.7K 543 2
                                    

Chapter 28

ကုယွမ် ရှာနေတာ အတော်ကြာနေပြီဖြစ်ပေမယ့် အခုထိဘာဝယ်ရမလဲ မဆုံးဖြတ်ရသေးပါဘူး။

မိဘများ စုဝေးပွဲမှာရှိတဲ့သူတွေက အကြံတွေအများကြီးပေးခဲ့ကြပါတယ်။ တချို့က လေယာဉ်ပျံအရုပ်လေးတွေ၊ တချို့က အရုပ်ဆက်တာလေးတွေ တချို့ကတော့ ကလေးကစားကွင်းကို ခေါ်သွားဖို့ပေါ့။

ဒါတွေက ကလေးလေးတွေအတွက် မဟုတ်လား။
သူ့သားတွေက ဘယ်လိုလုပ်ပြီး ဒါတွေကို သဘောကျကြပါ့မလဲ။

ဒါပေမယ့် အခုသူက အသက်ကြီးကြီးအမေ ဖြစ်နေ
တာကလွဲရင် ဂိမ်းကစားရတာ၊ တိုက်အိမ်ဆောက်ရတာတွေကို သဘောကျနေတုန်းပဲ မဟုတ်လား။

ဒါကြောင့် သူမ ဖုန်းကိုထုတ်လိုက်ပြီး သူ့သားကို အကြံဉာဏ်တောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မြက်စားရတာကြိုက်တဲ့ယွမ်ယွမ်လေး: “သား၊ မင်း လေယာဉ်ပျံတွေ ကြိုက်လား?”

JQS : “ဘယ်လိုလုပ်ပြီး လေယာဉ်ပျံအကြောင်း
တွေးမိသွားတာလဲ မား?”

မြက်စားရတာကြိုက်တဲ့ယွမ်ယွမ်လေး: “ဘာမှ
တော့ မဟုတ်ပါဘူး။ ဒီအတိုင်း ပျံသန်းတာကို သတိရသွားလို့”

JQS : “ကျွန်တော် လွန်ခဲ့တဲ့နှစ်ရက်က မှာထားတဲ့
private jet ရောက်လာပြီ မား။ မား သဘောကျတယ်ဆိုရင် ပိတ်ရက်မှာ အတူတူစီးကြမယ်လေ”

မြက်စားရတာကြိုက်တဲ့ယွမ်ယွမ်လေး: “တော်ပါ
ပြီ သားရယ်။ မား ပိတ်ရက်တွေ အပြင်မထွက်ချင်ဘူး”

ခဏကြာပြီးနောက် ...

အေမြက်စားရတာကြိုက်တဲ့ယွမ်ယွမ်လေး : “သား၊ အတုံးလေးတွေနဲ့ အိမ်ဆောက်ရတာရောကြိုက်လား။ တချို့ အရွယ်ရောက်ပြီးသား ကလေးတွေက အဲလိုကစားနည်းကို ကြိုက်ကြတယ်ပြောတယ်၊ သားရော?”

JQS : “ကျွန်တော် ငယ်ငယ်တုန်းကတော့ သဘောကျခဲ့ပေမယ့် အခုတော့ Fungo ကနေ အစုရှယ်ယာ ဝယ်ရတာကို ပိုသဘောကျတယ်။ အခုဆိုရင် ကျွန်တော် အဲ့ကုမ္ပဏီရဲ့ 36% ကို ပိုင်နေပြီ မားရဲ့ ဒီမှာကြည့် …”

ပြောနေရင်း screenshot ရိုက်ထားတဲ့ပုံတစ်ပုံ ရောက်ချလာပါတယ်။ အဲ့ပုံကတော့ Fungo ရဲ့ အစုရှယ်ယာ စာရင်းတွေပါ။ ဒါတွေကို ကြည့်ပြီး ကုယွမ် ခေါင်းကိုက်သွားခဲ့ပါတယ်။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Tahanan ng mga kuwento. Tumuklas ngayon