Chapter 165

2.3K 206 3
                                    

Chapter 165 (ရှာလကာရည်အိုးကြီး ကျီကျန်းထျင်)

ကမ်မလီနဲ့ ကျီကျန်းထျင်တို့ ဇနီးမောင်နှံအသစ်စက်စက်လေး ပြန်ရောက်လာတာကြောင့် ကုယွမ်တို့ သားအမိ အုပ်စုလိုက်ကြီးက ကျီအိမ်တော်မှာ ဆက်နေဖို့က မသင့်လျော်တော့ပေ။

ဒါပေမယ့် ကုယွမ်တစ်ယောက် ဘယ်နေရာကို ပြောင်းရွှေ့ရမလဲဆိုတာကတော့ သားတွေရဲ့ တိုက်ပွဲတစ်ခု ဖြစ်လာတယ်။

ကျီချီစန်းက မထူးခြားနားစွာ မေးလာတယ်။
"ဘာလို့ ဒီနေရာမှာ မနေနိုင်ရမှာလဲ၊ ဒီဗီလာက ကျွန်တော့်ရဲ့ နာမည်အောက်မှာ ရှိနေတာလေ"

အဲ့တော့ သည်အိမ်က သူနဲ့ မားရဲ့ အိမ်လေ၊ ပြဿနာရှိလို့လား။

နျဲ့ယွီက တိုက်ရိုက်ပဲ ကုယွမ်ရဲ့ ပုခုံးကို ဖက်လိုက်ပြီး "မား၊ ကျွန်တော့်ရဲ့ နေရာကို သွားရအောင်၊ မားကြိုက်တဲ့ အစားအသောက်စပ်စပ်လေးတွေ ကျွေးမယ်လေ၊ ရိုက်ကွင်းသွားရင်လည်း ကျွန်တော်ကိုယ်တိုင် လိုက်ပို့ပေးမယ်"

ဟော်လန်တင်းက ခုန်ထွက်လာကာ "သေချာပေါက် ကျွန်တော်နဲ့ သွားရမှာပေါ့၊ ကျွန်တော်တို့ မိသားစု လိုချင်သမျှ Janmaica က သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ နေ့တိုင်း ပို့ပေးတယ်"

နျဲ့ယွီ : "ဒါဆို ငါ့ဆီကိုလည်း နေ့တိုင်းတင်ပို့ဖို့ လေယာဥ်တစ်စင်း ငှားလိုက်မှာပေါ့"

ဟော်လန်တင်း : "ပါပါးကို ပြောပြီး Janmaica စျေးကို ပိတ်ခိုင်းလိုက်မှာပေါ့၊ ကျွန်တော်တို့ အိမ်ကလွဲပြီး ဘယ်သူမှ မရနိုင်တော့ဘူး"

နျဲ့ယွီ : "ဒါဆို ငါ မင်းရဲ့ အဖေကို ပထွေးအဖြစ် လုံးဝ အသိအမှတ်ပြုမှာ မဟုတ်ဘူး"

ထိုစကားကို ကြားတာနဲ့ ဟော်လန်တင်း အေးခဲသွားပြီးနောက် အပြုံးတစ်ခုပေါ်လာကာ ...
"ကောင်းပြီ၊ ပါးကို Janmaica စျေး မပိတ်ခိုင်းတော့ဘူး၊ အစ်ကို ကျွန်တော့်ရဲ့ အဖေကို အသိအမှတ်ပြုရမယ်"

ဆူညံမှုတွေကြားမှာ လော့ကျွင်းထျန်က ရှေ့ထွက်လာတယ်။

"ကျွန်တော်တို့ ချီစန်းရဲ့ အိမ်မှာ နေတုန်းက သူ့ကိုအများကြီး အနှောင့်အယှက် ဖြစ်စေခဲ့ပြီးပြီ၊ ကျွန်တော်တို့က ညီအစ်ကိုတွေ ဆိုပေမယ့် အချိန်အကြာကြီး အမြဲတမ်း နေဖို့က မသင့်လျော်ဘူးလေ၊ ဒါ့အပြင် အန်ကယ် ကျီလည်း ပြန်လာပြီဆိုတော့ ကျွန်တော်တို့ ထွက်သွားဖို့ အချိန်ရောက်ပြီ၊ မားအတွက်ကတော့…"

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Où les histoires vivent. Découvrez maintenant