Chapter 103
အဲ့အချိန်တုန်းက ကုယွမ်က လန်တင်းကို လော့ကျွင်းထျန်ဆီ ခေါ်သွားမလို့ပါ။ နျဲ့ယွီနဲ့ ကျီချီစန်းဟာ မနက်စာ သွားဝယ်ဖို့လုပ်နေတုန်း ရဟတ်ယာဉ်ကြီးရောက်ချလာတာ။
လန်တင်း : “ပါးက တကယ်စဉ်းစားတတ်တာပဲ။ မား၊ တရုတ်စာ ကြိုက်လား၊ အနောက်တိုင်းစာကြိုက်လား။ ပါးက စားဖိုမှုးတွေကို ခေါ်လာတယ်တဲ့၊ ချက်ခိုင်းရုံပဲ”
နျဲ့ယွီကလည်း အားကျမခံ ပြန်ပြောလိုက်တယ်။
“ရဟတ်ယာဉ်လေးပဲ မလား။ မား၊ ကျွန်တော်လည်း
ဖုန်းဆက်ပြီး အိမ်က စားဖိုမှူးကို လေယာဉ်နဲ့လာခဲ့ဖို့ ပြောလိုက်မယ်”ကုယွမ် : “တော်ပါပြီ နျဲ့ယွီရယ်။ မနက်စာလေး စားဖို့အရေး၊ မားတို့လည်း ဗိုက်ဆာနေပြီ။ အခုပဲ စားလိုက်ကြတာပေါ့။ ဒါနဲ့ သား အစ်ကိုကြီးအတွက် အသီးအရွက်လေးကို ပျော့ပျော့လေး လုပ်ခိုင်းလိုက်နော်။ ပြီးတော့ လန်တင်း၊ သား မနေ့ညက ဗိုက်အောင့်ထားတာဆိုတော့ နည်းနည်းပဲစား၊ ကြားလား”
လန်တင်း : “ ဟုတ် မား၊ မား စကားကို နားထောင်ပါ့မယ်”
ကုယွမ် : “ လန်တင်းလေးက လိမ်မာလိုက်တာ”
ဒါဆို သူကရော လို့ နျဲ့ယွီ တွေးမိလိုက်လေရဲ့။
သူ့ ခမျာ အသက်လည်းငယ်တော့တာ မဟုတ်တာကြောင့် လန်တင်းလို မားကို သွားချွဲလို့ မရဘူးလေ။
အဲ့အချိန်မှာပဲ လော့ကျွင်းထျန်ဟာ ဆေးရုံ အခန်း
ထဲကနေ ထွက်လာခဲ့ပါတယ်။ ခပ်နွမ်းနွမ်း လူနာ ဝတ်စုံကို ဝတ်ဆင်ထားပေမယ့် ကျွင်းထျန်ဟာ
မော်ဒယ်တယောက်လို မိမိုက်နေဆဲပါပဲ။တံခါးကနေ ထွက်လာပြီး ကျွင်းထျန်ဟာ ကုယွမ်ကို ကြည့်လိုက်တယ်။
မနေ့ညက အဖြစ်အပျက်က အရမ်း စိုးရိမ်ဖွယ်ရာဖြစ်ခဲ့တယ်လေ။ ဟော်လန်တင်းလေးကတောင် သူ့အစ်ကိုကြီးကို စိုးရိမ်နေခဲ့တာပါ။
သူ့ရဲ့အရှေ့က လူတိုင်းက သူ့ကိုဂရုတစိုက်ကြည့်နေ
ကြတော့ ကျွင်းထျန်လည်း ချောင်းတစ်ချက်ဟန့်လိုက်တယ်။ကုယွမ် : “ကျွင်းထျန်၊ မနေ့ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား။ အခုရော ဘယ်လိုနေသေးလဲ”