Chapter 56

4.3K 504 5
                                    

Chapter 56 (ရန်သူ့ရဲ့ရန်သူ ဟာ မိတ်ဆွေဖြစ်
တယ်)

လုကျီးချန်တစ်ယောက် ခြေမခိုင်စွာ ထွက်သွားခဲ့ရပါတယ်။

ဒါပေမယ့် ချန်းဥက္ကဌကတော့ ဂရုမစိုက်ပဲ ကုယွမ်နဲ့
လက်ဆွဲနှုတ်ဆက်ကာ သိချင်တာရှိရင် ချက်ချင်း
မေးဖို့ ပြောနေပါတယ်။

ချန်းမင်ဇီလည်း ထွက်သွားရော ကုယွမ် ခုနတုန်း
ကတွေ့ခဲ့တဲ့ စီနီယာ လင်လုကို ဓာတ်လှေကားမှာ
ထပ်ဆုံပြန်တယ်။

ကုယွမ်ဟာ ချန်းမင်ဇီရဲ့မိတ်ဆက်ပေးမှုနဲ့အတူ သူမဟာ အရမ်းနာမည်ကြီးတဲ့ နန်းတွင်းကားမှာ နန်းတွင်းစစ်ပွဲအပြီး ရူးသွားခဲ့တဲ့ကိုယ်လုပ်တော် တစ်ယောက်အဖြစ် သရုပ်ဆောင်ထားတာကို သိရှိခဲ့ရပါတယ်။

ကုယွမ် ပြုံးပြလိုက်ပေမယ့် တစ်ဖက်ကတော့ ယဉ်
ကျေးစွာ ခေါင်းလေးပဲ ညိတ်ပြခဲ့ပါတယ်။ ကြည့်ရတာ ကုယွမ်နဲ့ စကားမပြောချင်ဘူးထင်တယ်။

ဒါကြောင့် ကုယွမ်လည်း ခပ်ချေချေပဲပြန်နေလိုက်တာပေါ့။

ကုယွမ် မြေညီထပ်မှာ ဆင်းတော့ လင်လု သူ့ဘေးနားက တစ်ယောက်ကို မေးလိုက်ပါတယ်။
“သူက ဘယ်သူလဲသိလား။ ဘာလို့ ဥက္ကဌကတောင်သူ့ကို ဒီလောက် ပစားပေးနေရတာလဲ”

“ကျွန်မလည်း မသိဘူး။ ကြည့်ရတာ ကာဗာလုပ်ပြီး
လူထုစိတ်ဝင်စားမှုကို နေရာလွှဲမလို့ ထင်တယ်”

“ဟုတ်သားပဲ၊ အဲလိုဖြစ်မှာပေါ့။ အမလေး ဒါကို ငါက ဘာများလဲလို့”

ဒီလိုပြောကာ လင်လုတယောက် ရယ်မောလိုက်
ပါတယ်။

ဒီနေ့ ကုယွမ်က သူမ, သားနှစ်ယောက်နဲ့ချိန်းထားတာပါ။ သူမ ရှင်းရင်းအင်တာတိန်းမန့်ကနေ ထွက်လာပြီး လမ်းအနည်းငယ်လျှောက်လိုက်တော့ နျဲ့ယွီ သူမကို လာကြိုတာတွေ့လိုက်တယ်။

“ဘယ်လိုလဲ၊ အဆင်ပြေခဲ့လား” နျဲ့ယွီက သုံးလက်စ WeChat ကို ပိတ်လိုက်ပြီး မေးလိုက်တယ်။

ကုယွမ် : “အင်း၊ အဆင်ပြေပါတယ်။ အဲ့ကလူတွေက မားကို သေချာစကားပြောပေးကြတယ်။ သေချာဂရုစိုက်ပေးကြပါတယ်”

ကုယွမ် လုကျီးချန်နဲ့ ကိစ္စကို သားဖြစ်သူကိုမပြောဖို့ဆုံးဖြတ်လိုက်တယ်။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now