Chapter 73

3.9K 476 3
                                    

Chapter 73 (Bararina ပရဟိတလေလံပွဲ)

လော့ကျွင်းထျန်ဟာ သူမရဲ့သားဆိုတဲ့ အကြောင်းကို သူမ သိပ်ကျင့်သားမရသေးတော့ မစ္စတာလော့လို့ပဲ ခေါ်နေမိတယ်။

လော့ကျွင်းထျန် : “မား၊ အရင်ထိုင်လေ”

ကုယွမ် အရင်ဝင်ထိုင်လိုက်တယ်။

စားနေရင်း လော့ကျွင်းထျန်က ကုယွမ်ကို မေးတယ်။
“မား၊ မားတို့ WeChat မှာ အုပ်စုဖွဲ့ထားတယ်ဆို။ ကျွန်တော့်ကိုလည်း ထည့်ပေးနော်”

ကုယွမ် စားရင်းနဲ့ နင်သွားတယ်။ အုပ်စုထဲမှာ သူမတို့က စကားတွေ အများကြီး ပြောထားကြတာပါ။ ပုံမှန်အားဖြင့် ရိုက်ကွင်းက ပုံတွေကိုလည်း မျှဝေလေ့ရှိပါတယ်။ သူမတို့ gp ရဲ့နာမည်က ဉာဏ်ကြီးရှင် သားလေးများရဲ့ သုခဘုံလေး တဲ့။

သူမ သည် gp ထဲကို လော့ကျွင်းထျန်ကို ထည့်ရမှာ ရှက်နေမိပါတယ်။ အခုမှ သူ့သားလို့ သိရတာ နာရီပိုင်းပဲ ရှိသေးတာကို မရှက်ပဲ နေမလား၊ နော့်။

ဒါပေမယ့်လည်း အကုန်လုံးက သူမရဲ့ သားတွေဖြစ်တာကြောင့် gp ထဲ ထည့်ပေးဖို့ ဆုံးဖြတ်လိုက်တာပေါ့။

လော့ကျွင်းထျန်ဟာ gp ထဲကို ဝင်တော့ ရယ်မောပြီး ပြောလိုက်တယ်။
“မား၊ gp နာမည်ကြီးက…”

ကုယွမ် : “ဘာဖြစ်လို့လဲ။ ခပ်တုံးတုံး နာမည်ကြီး ဖြစ်နေလို့လား ဟင်”

သည်စကားကို ကြားတော့ ဒေါက်တာ လော့ဟာ ကျွင်းထျန်ကို သတိပေးတဲ့အကြည့်နဲ့ ကြည့်လိုက်သလို နျဲ့ယွီနဲ့ ကျီချီစန်းကလည်း မျက်ထောင့်နီကြီးနဲ့ စိုက်ကြည့်ကြလေရဲ့။

လော့ကျွင်းထျန် : “မဟုတ်ပါဘူး။ ချစ်စရာကောင်းလို့ပါ၊ မားရဲ့”

စားပြီးသွားတဲ့အခါမှာ ကုယွမ်ဟာ လော့ကျွင်းထျန်နဲ့ ဒေါက်တာလော့ကို လိုက်ပို့ပေးလိုက်တယ်။

လော့ကျွင်းထျန် : “မား၊ ပါး၊ ခဏနော် ကျွန်တော် ကိစ္စလေးတစ်ခု သွားဖြေရှင်းလိုက်ဦးမယ်။ မားတို့ စကားပြောနှင့်ကြလေ”

အခုဆိုရင် အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ယောက်နဲ့ အသက် ၂၀ အရွယ် အမျိုးသမီးတို့ လမ်းပေါ်မှာရပ်နေကြတာကို တွေ့နိုင်ပါတယ်။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now