Chapter 90 (ကျီချီစန်းရဲ့ အကူအညီမဲ့မှု)
နျဲ့ယွီက တိုက်ရိုက်ပင် ဥက္ကဌအတွက် သီးသန့် ဓါတ်လှေကားကို သုံးပြီး တတိယထပ်က ကားပါကင်ကို သွားလိုက်တယ်။ ကားသော့ကို သူ့လက်ထဲမှာ ညင်သာစွာ လှုပ်ခတ်ရင်း သူ့အဖေရဲ့ တုံ့ပြန်မှုကို တွေးမိတော့ တကယ် ပျော်ရွှင်ရတယ်။
Los Angeles မှာရှိတဲ့ လူအိုကြီးလော့က သူ့အလုပ်နဲ့သူတောင် မအားနေတာ ဘယ်လိုလုပ်ပြီး မားနဲ့ ဆက်သွယ်ဖို့ အချိန်ရှိမှာလဲ။
နျဲ့ယွီတစ်ယောက် ကားကိုဖွင့်ပြီး ဒါရိုက်ဘာထိုင်ခုံမှာ ဝင်ထိုင်လိုက်ကာ ရယ်နေလိုက်တော့တယ်။
သူ့မှာ ပျော်စရာလေးရှိမှတော့ ကျီချီစန်းကို မျှဝေသင့်တယ်မလား။ ထို့နောက် ပျော်ရွှင်စွာ မောင်းထွက်သွားတယ်။
"အာ့၊ ကောရေ"
ကျီချီစန်းရဲ့ ရုံးခန်းထဲကို ဝင်သွားပြီး နျဲ့ယွီကို အော်ခေါ်လိုက်တယ်။
အလုပ်ရှုပ်နေတဲ့ ကျီချီစန်းတစ်ယောက် နျဲ့ယွီကို ကြည့်လိုက်ပြီး သူ့ရဲ့ခေါင်းပေါ်မှာ မေးခွန်းသင်္ကေတလေးတစ်ခု ပေါ်လာတယ်။
"သတင်းကောင်းလေးကို အစီရင်ခံမလို့"
ထို့နောက် နျဲ့ယွီ သူ့အဖေနဲ့ တွေ့ခဲ့ချိန်က စပြီး အကြောင်းစုံပြောပြလိုက်တယ်။"ငါတော့ သင့်လျော်တယ်ထင်တာပဲ၊ မင်းဘယ်လိုထင်လဲ"
လက်ထဲမှာ မောက်စ်ကို ကိုင်ရင်း ကျီချီစန်းရဲ့ မျက်လုံးတွေက ညီဖြစ်သူရဲ့ ပူလောင်နေတဲ့ မျက်နှာကနေ သူ့လက်တော့ပ် စခရင်ပေါ်ကို ပြန်ရောက်သွားတယ်။
"ငါတော့ သင့်လျော်တယ်လို့ မထင်ဘူး""ဘာလို့လဲ၊ ငါ့ရဲ့ပါးက လူအိုကြီး လော့ထက် ပိုမကောင်းလို့လား"
ကျီချီစန်း : "မင်းရဲ့ အဖေက ဒီနှစ်ဆို ဘယ်နှစ်နှစ်ပြည့်မှာလဲ"
နျဲ့ယွီ : "47 နှစ်ပြည့်မှာလေ"
"မင်း အဖေနဲ့ မစ္စတာ လော့ကြားက ကွာခြားချက်ဆိုလို့ တစ်ယောက်က 47 နှစ်အရွယ် လူအိုကြီးဖြစ်ပြီး နောက်တစ်ယောက်က 53 နှစ်အရွယ် လူအိုကြီးဖြစ်နေတာပဲ"