Chapter 65

4.2K 468 1
                                    

Chapter 65 (နျဲ့ယွီရဲ့အမျက်ဒေါသ)

ကျီချီစန်းဟာ ကုယွမ်ကို အိမ်တန်းခေါ် မသွားသေးပဲ နျဲ့ယွီဆီ သွားခဲ့ပါတယ်။

ဒါကြောင့် ကုယွမ် နားမလည် နိုင်စွာ ကြည့်လိုက်တယ်။ ဘယ်အချိန်တုန်းက သူတို့နှစ်ယောက်ဆက်ဆံရေး သည်လောက် ကောင်းသွားရတာပါလိမ့်။

ကျီချီစန်း : “ကျွန်တော် သူ့စီးပွားရေးထဲက တစ်ခုနဲ့
ပူးပေါင်းထားလို့၊ အဲ့ကိုသွားမလို့”

ကုယွမ် : “ဟုတ်လား။ သွားမယ်လေ”

နျဲ့ယွီ အိမ်ကိုရောက်တော့ နျဲ့ယွီဟာ သူ့မားကို မြင်ပြီး စိတ်သက်သာရသွားခဲ့ပါတယ်။
“မား၊ ဘာလို့ ဖုန်းလည်း ဆက်မရ WeChat ကနေလည်း ဆက်သွယ်မရ ဖြစ်နေတာလဲ”

ကျီချီစန်း : "ငါ မင်းဆီလာတာ မင်းနဲ့ ပူးပေါင်းထားတဲ့ကိစ္စ ပြောမလို့ပဲ”

နျဲ့ယွီ (အံ့ဩလျက်) : “ဘာပြောတယ်။ ငါ မင်းနဲ့ ဘယ်တုန်းက …”

အဲ့အချိန်မှာ ကျီချီစန်းဟာ မျက်စပစ်ပြလိုက်ပါတယ်။

နျဲ့ယွီတစ်ယောက် ဘာကိုဆိုလိုတယ်ဆိုတာ ချက်ချင်း သဘောပေါက်လိုက်ပြီး “ဟုတ်သားပဲ။ ငါ မေ့တောင်မေ့နေတယ်” လို့ လိုက်လျောညီထွေစွာ ပြောလိုက်တယ်။

ကျီချီစန်း : “မားက ပင်ပန်းနေတာဆိုတော့ အပေါ်ထပ်မှာ အရင်နားခိုင်းရအောင်”

နျဲ့ယွီ ဒေါသကို လျှော့လိုက်ပြီး ကုယွမ်ကို မေးလိုက်တယ်။
“မား၊ ညစာစားပြီးပြီလား။ ဗိုက်ဆာရင် တစ်ခုခု စားမလား”

ကုယွမ် : “တော်ပါပြီ၊ မား ဟိုမှာ စားခဲ့တယ်။ ဒါဆို မား ပင်ပန်းလို့ သွားနားတော့မယ်။ မင်းတို့ နှစ်ယောက် ရန်မဖြစ်နေကြနဲ့ဦးနော်။ တစ်ယောက်နဲ့တစ်ယောက် ညီအစ်ကိုတွေဆိုတာ အမြဲ စိတ်မှာကပ်ထား၊ ကြားလား”

ကျီချီစန်းနဲ့ နျဲ့ယွီ : “အင်းပါ၊ သိပါတယ် မားရဲ့”

ကုယွမ်လည်း ညီအစ်ကိုတွေ သည်လိုနေတာ မြင်တော့ စိတ်ကျေနပ်သွားပါတယ်။

ကုယွမ် အိမ်ပေါ်တက်သွားတော့ နျဲ့ယွီက ပြောလိုက်တယ်။
“ချီစန်း၊ ငါ မင်းနဲ့ဘယ်တုန်းက လုပ်ငန်းပူးပေါင်း
ဖူးလို့လဲ။ မင်းကို မားရှေ့မှာ အရှက်မကွဲစေချင်လို့သာ စကားရော ဖောရော ပြောလိုက်တာနော်”

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now