Chapter 83

3.8K 429 7
                                    

Chapter 83 : (ဟော်လန်တင်းရဲ့ အလိုဆန္ဒ)

ဟော်လန်တင်းမှာ ငယ်စဥ်ကတည်းက ပိုက်ဆံပြတ်လပ်ခြင်း မရှိခဲ့ပေ။

သူ့မှာ ပိုက်ဆံအများရှိပြီး သူ့ရဲ့ပါပါးမှာလည်း ပိုက်ဆံအများကြီး ရှိတာကို သူသိတယ်။ သူ့ဘဝမှာ တစ်ခုခုကို ဝယ်လိုစိတ်ပြင်းပြတာမျိုး မရှိခဲ့ဖူးသလို ပိုက်ဆံ ပြတ်လပ်သွားတာမျိုးလည်း မရှိခဲ့ဖူးဘူး။

သူ အနည်းငယ်သင်ယူခဲ့ရသလောက်တော့ ပိုက်ဆံကို စီးပွားရေးလုပ်ဖို့ သုံးရတာ။ ပိုက်ဆံဆိုတာ ကန့်သတ်ထားတဲ့ အရင်းအမြစ်တွေကို ရယူနိုင်တဲ့ ကိရိယာတစ်ခုသာ ဖြစ်တယ်။

ဒါပေမယ့် အခု နျဲ့ယွီရဲ့ စိတ်လှုပ်ရှားနေတဲ့ စကားသံကို နားထောင်ရင်း အရာတစ်ခုကို သဘောပေါက်သွားခဲ့တယ်။

နျဲ့ယွီက ပိုက်ဆံရှိတော့ ကြယ်သရဖူကို ရသွားပြီး သူကတော့ ပိုက်ဆံမရှိလို့ ရှုံးနိမ့်ခဲ့ရခြင်းသာ။ သူ့ရဲ့ မျက်လုံးဝိုင်းကြီးတွေဖြင့်  သိပ်မဝေးတဲ့နေရာက မြင်ကွင်းကို ကြည့်ရင်း ဆုံးဖြတ်ချက်နှစ်ခုကို ချလိုက်တယ်။

သူ အရွယ်ရောက်လာရင် ပိုက်ဆံအများကြီး ရှာမယ်။ အခုလို အဖြစ်မျိုး နောက်တစ်ကြိမ် ထပ်မဖြစ်စေရဘူး။

သူမကို ကြယ်သရဖူထက် ပိုစျေးကြီးပြီး လှပတဲ့လက်ဆောင်ပေးရမယ်။

အဲ့လိုဆိုရင် သူမ အရမ်းအံ့သြသွားလိမ့်မယ်။

…….

သူမက ကြယ်သရဖူရလို့ အံ့သြနေလား။  သေချာပေါက် မဟုတ်ပါဘူး။

ကုယွမ်တစ်ယောက် အံ့သြမှုကို မခံစားရဘဲ ကြောက်ရွံ့မှုကိုသာ ခံစားနေရတယ်။ ကြယ်သရဖူက ယွမ် 4 ဘီလီယမ်ကျော်တန်တဲ့ လည်ဆွဲတစ်ခုပါ။ ဘယ်လောက်ပဲ စျေးကြီးနေပါစေ အဲဒါက လည်ဆွဲတစ်ခုသာ ဖြစ်တယ်လေ။

သူမ လည်ပင်းမှာ ဆွဲထားရင် သူမကိုယ်သူမ 4 ဘီလီယမ်ကျော်တန်တဲ့ အဆောက်အဦးကြီးလို ခံစားမိလိမ့်မယ်။

လမ်းပေါ်မှာရှိတဲ့ ဖြတ်သွားဖြတ်လာ တစ်စုံတစ်ယောက်က သူမရဲ့လည်ပင်းကို ဓါးထောက်သွားမှာ ကြောက်မိပါတယ်။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now