Chapter 186

2.6K 202 3
                                    

Chapter 186 (နောက်ဆုံးသောမင်္ဂလာပွဲ)

ကုယွမ်ဟာ သတိမေ့နေတာ တစ်လတောင် မပြည့်သေးပေမယ့် ဒေါက်တာ လော့က ကုယွမ်ရဲ့ ခန္ဓာကိုယ် အားနည်းနေသေးတဲ့အတွက် သုတေသနခန်းမှာပဲ နေထိုင်ခိုင်းထားခဲ့ပါတယ်။

အရင် အနှစ်,နှစ်ဆယ်တုန်းက သူမ အေးခဲပြီးနောက် မျိုးဥ ၅ ဥ ထုတ်ပေးလိုက်တာကို အတော်များများက သိရှိခဲ့ပြီး ပါရမီရှင် မျိုးရိုးဗီဇကို လုယူဖို့ လုပ်ပါတော့တယ်။

အဲ့ထဲမှာ ချန်းထောင်လည်း အပါအဝင်ပေါ့။

သူဟာ နောက်ကွယ်မှာ ငွေကြေး အထောက်အပံ့ အလုံအလောက်ရနေတဲ့ ဆေးပညာရှင်တစ်ယောက်ပါ။ ဒါပေမယ့် သူက ပါရမီရှင်ဗီဇကို ရယူချင်ပေမယ့် ဒေါက်တာ လော့ဟာ အကြိမ်ကြိမ် ပယ်ချခဲ့တယ်။

ဒါကြောင့် သူဟာ ဒေါက်တာ လော့ရဲ့သုတေသခန်းထဲကို ဝင်နိုင်အောင် ကြိုးစားခဲ့ပြီး လူယုံတစ်ယောက်လို နေခဲ့ပါတယ်။ ဒါပေမယ့် ဒေါက်တာ လော့က အရမ်းကို သတိရှိပြီး စည်းကမ်းကြီးတော့ မျိုးဥ ငါးခုလုံးကို မထိနိုင်ပဲ ဖြစ်နေတာပေါ့။

သည်တော့ သူဟာ မျိုးဥ ငါးဥလုံးကို ခိုးဖို့ကြိုးစားပါတော့တယ်။

ဒါပေမယ့် ဒေါက်တာ လော့ရဲ့ဖန်တီးထားတဲ့ လုံခြုံ
ရေးအသိုက်လေးကြောင့် အစီအစဉ် ရှုံးနိမ့်ခဲ့ပြီး မျိုးဥ တစ်လုံးက သားပေါက်မယ့် အချိန်ရောက်လာခဲ့တယ်လေ။ သည်လိုနဲ့ လော့ကျွင်းထျန် ပေါ်လာခဲ့တာပါပဲ။

အဲ့နောက် ကလေးတွေ တစ်ယောက်ပြီးတစ်ယောက် လူ့လောကထဲ ရောက်လာပေမယ့် ချန်းထောင်ခမျာ သူတို့ ဘယ်သူတွေလဲဆိုတာတောင် မသိခဲ့ရပါဘူး။

ဒါပေမယ့် သူက လက်မလျှော့သေးပဲ ပါရမီရှင် ဗီဇ
ကို စမ်းသပ်ဖော်ထုတ်ဖို့ ကြိုးစားတယ်။ အကြိမ်ကြိမ်အခါခါလည်း ကျရှုံးခဲ့ရတာပေါ့။

အဲ့နောက် ချန်းထောင်ဟာ ကျွင်းထျန်ရဲ့သွေးကို ဖောက်ပြီး စစ်ဆေးပါတော့တယ်။ ဒါပေမယ့် ကျွင်းထျန်ဟာ ဂီတဘက်မှာပဲ ပါရမီပါတာကြောင့် မျိုးရိုးဗီဇ အစီအစဉ် ကျဆုံးတယ်လို့ပြောလို့တောင် ရပါတယ်။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now