Chapter 188

2.6K 189 3
                                    

Chapter 188 (ဟော်ကျင်းချန် ချော့တော်မူခန်း)

ကုယွမ် ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ သတင်းလည်းကြားရော သားတွေ အကုန်လုံး ရုတ်တရက်ဆိုသလို သူမဆီ လာလည်ခဲ့ကြတယ်။

ကုယွမ်တစ်ယောက် ဆေးရုံက ဆင်းပြီးတာနဲ့ သူမ ဘေးနားမှာ သားတွေ အကုန်ရှိနေပါပြီ။ လန်တင်းဟာ အဘွားဆီ သွားနေရင်း သည်အကြောင်းကို ကြားတာနဲ့ ချက်ချင်း ကိုယ်ပိုင်လေယာဉ်ကို သုံးကာ ပြန်လာခဲ့တာပေါ့။

လန်တင်းနဲ့အတူ ကျင်းချန်ပါ လိုက်လာခဲ့တယ်လေ။ သည်တော့ နျဲ့ယွီက အရင် စတင်ထိုးစစ်ဆင်ပါတော့တယ်။
“သြော်၊ ခင်ဗျား ရောက်ချလာသေးတယ်ပေါ့။ ကျွန်တော်တို့ ညီမလေး မွေးတဲ့ထိမှ ရောက်မလာရင် ခင်ဗျားကို ကျွန်တော်တို့ အဆက်ဖြတ်တော့မလို့”

ကျွင်းထျန် : “နျဲ့ယွီရာ၊ နောက်မနေပါနဲ့။ ဦးလေး ဟော့၊ မားက အပေါ်မှာ အပေါ်ထပ်ကို တက်သွားလိုက်ပါ”

ကျင်းချန် : “ဟုတ်ပြီ။ ကျေးဇူးပါ ကျွင်းထျန်”

ကျင်းချန်တစ်ယောက် အပေါ်ထပ်က်ို ရောက်တော့ ကုယွမ်က သူမရဲ့ဗိုက်လေးကို ကိုင်ပြီး စကားပြောနေတာကို တွေ့လိုက်ရတယ်။
“ကလေးလေး၊ မင်းရဲ့ဂရုမစိုက်တတ်တဲ့ အဖေ့ကို မျှော်မနေနဲ့နော်။ ဒီမှာ မားလည်းရှိတယ်။ တခြား အစ်ကိုတွေလည်းရှိတယ်၊ ဟုတ်ပြီလား ...”

ကျင်းချန် : “ဟေး၊ မင်း ဘာတွေပြောနေတာလဲ”

ကျင်းချန်ရဲ့အသံကိုကြားတာနဲ့ ကုယွမ်တစ်ယောက် စိတ်တိုလာခဲ့တယ်။
“ရှင် …. ရှင် ဒီကို ဘာလာလုပ်တာလဲ”

“မင်း ကိုယ်ဝန်ရှိတာကို ကိုယ်က မလာရဘူးလား”

“သြော်၊ အဲ့တော့ ရှင်က ကျွန်မ ကိုယ်ဝန်ရှိနေလို့သာ လာရတယ်ပေါ့လေ။ ရှင် ကျွန်မကို မချစ်တော့ဘူး မလား။ ရှင် ကျွန်မကို မလိုချင်တော့ဘူး မလား”

“အဲလို မဟုတ်ပါဘူးကွာ”

“ဘာ မဟုတ်တာလဲ။ ရှင် ဟုတ်နေတာကို ဘာလို့ လာလိမ်နေတာလဲ”

“အင်း၊ အင်းပါ။ စိတ်လျှော့ပါကွ”

“တကယ်တော့ ကိုယ် မင်း အနားမှာ အမြဲရှိနေတာပါ”

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Donde viven las historias. Descúbrelo ahora