Chapter 23

4.8K 515 0
                                    

Chapter 23  ဟူး၊ တော်သေးတယ်။ နျဲ့ယွီက ငါ့
သား မဟုတ်လို့

ကုယွမ် ဓာတ်ပုံကို သေချာပြန်ကြည့်လိုက်ပါတယ်။
ဟုတ်တယ်၊ သူမတို့အတူတူ ညစာသွားစားတုန်းကပုံပါ။ အဲဒီနောက် နျဲ့ယွီနဲ့ ပြဿနာဖြစ်ပြီး သားက သူမကို ဆွဲခေါ်သွားခဲ့တာ။

အရှေ့က ရန်ပွဲကြောင့် သားက သူမကို ကာကွယ်ဖို့ လက်မောင်းနဲ့ ကွယ်ထားတာဖြစ်ပြီး ဓာတ်ပုံတွေကလည်း ဝေဝါးနေတယ်လေ။ ဒါပေမယ့် ကြည့်လိုက်တာနဲ့ ဂရုတစိုက် လက်မောင်းလေးကို ကိုင်ပေးထားတာ သိသာလှပါတယ်။

သားရဲ့မျက်နှာကိုတော့ သေချာ ဓာတ်ပုံရိုက်ယူထားပေမယ့် ဘေးက သူမရဲ့မျက်နှာကတော့ ကင်မရာထားတဲ့ ထောင့်ဖြတ်ကြောင့် ဝေဝါးနေလို့ တော်ပါသေးတယ်။

ဒီလိုနဲ့ ဝမ်းနည်းကြလို့အပြီးမှာ ကျီချီစန်းရဲ့ကောင်မလေးက ဘယ်သူလဲဆိုတာ လိုက်ရှာကြပါတော့တယ်။ တချို့သူတွေဆို အရပ်၊ ကိုယ်အလေးချိန် အစရှိသဖြင့် အသေးစိတ် တွက်ချက်ပြီး မိန်းကလေးက ဘယ်သူဖြစ်မလဲဆိုကာ လိုက်ရှာကြတာပါ။ ငယ်ရွယ်ပြီး အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်မလေးတွေရဲ့ကိုယ်ရေး အချက်အလက်တွေနဲ့ယှဉ်ပြီး ကျီချီစန်းရဲ့ကောင်မလေးက ဘယ်သူလဲဆိုတာရှာဖွေကြတာ။

ကုယွမ် ကောမန့်တွေကို မကြည့်တော့ပဲ သူ့သားလိုင်းပေါ်မှာ ဘယ်လိုတွေဖြစ်နေပြီလဲ ကြည့်မ်ိတော့ ရှာဖွေမှုအများဆုံး နံပါတ် (၁) နေရာတောင် ရောက်နေပါပြီ။ ပြီးတော့ သူတို့ဟာ လိုင်းပေါ်မှာ ဒီအကြောင်းကို ဆွေးနွေးနေကြတယ်။

ဆွေးနွေးကြတဲ့သူတွေထဲမှာ ကျီချီစန်းကို သဘောကျနေကြတဲ့သူတွေပါသလို ရှယ်ယာရှင်တွေပါ, ပါကြပါတယ်။ လူတိုင်းက AK လုပ်ငန်းစုကြီးရဲ့ ပဲ့ကိုင်ရှင် ကျီချီစန်းရဲ့အချစ်ရေးနဲ့ AK လုပ်ငန်းစုကြီးရဲ့ လက်ထပ်ထိမ်းမြားမှုကို သိပ်ကိုစိတ်ဝင်စားခဲ့ကြပါတယ်။ ဒီအပေါ်မှာမူတည်ပြီး AK လုပ်ငန်းစုက ဘယ်လုပ်ငန်းစုရဲ့သမီးနဲ့ လက်ထပ်ပြီး စီးပွားရေးအကျိုးတူပူးပေါင်းမလဲ ဆိုတာကို သိချင်နေကြတာပါ။

ဒါတွေကိုကြားပြီးတဲ့နောက် ကုယွမ်ဟာ နဖူးပေါ်က ချွေးစလေးတွေကို လက်နဲ့သုတ်လိုက်ပါတယ်။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now