Chapter 99

3.8K 457 4
                                    

Chapter 99 (မားကို ကျွန်တော်တွေ့ပြီ)

ကုယွမ်ရဲ့ မျက်လုံးထဲမှာ ဟော်ချန်းချန်းက မသင့်
တော်တာတွေ လုပ်နေတယ်လို့ မြင်မိနေတယ်။ ညသန်းခေါင်ကြီး တွေ့ချင်တယ်လို့ ပြောတယ်။ ဆေးရုံသွားရမယ် ဆိုတော့လည်း ဆေးရုံကို လိုက်ခဲ့မယ်တဲ့။

ကုယွမ်လည်း သားအပူနဲ့ ဆေးရုံလိပ်စာကို ခပ်မြန်မြန်ပေးပြီး စီမား အိမ်တော်ထိန်းနဲ့အတူ ထွက်လာခဲ့လိုက်ပါတယ်။

ကားက ခပ်မြန်မြန် မောင်းနှင်နေပြီး မီးပွိုင့် မမိလို့
တော်ပါသေးရဲ့။ ခဏကြာတော့ ဆေးရုံကိုရောက်သွားခဲ့တာပေါ့။ ကားပေါ်ကနေလည်း ဆင်းရော ချီစန်းက အပေါက်ဝမှာ ရပ်စောင့်နေခဲ့တယ်။ ကုယွမ်ဟာ ချီစန်းကို အပေါ် အောက်ကြည့်ရင်း စိုးရိမ်စွာမေးလိုက်တယ်။
“သား၊ ဘယ်နေရာ ထိခိုက်သွားသေးလဲ”

ကုယွမ်ကို ကြည့်ရတာ အရမ်းစိုးရိမ်နေပုံပါပဲ။
“မား၊ ကျွန်တော်က ဘာမှမဖြစ်ပါဘူး။ နျဲ့ယွီနဲ့ ကောက အသေးစား ကားတိုက်မှုလေး ဖြစ်တာ။ နျဲ့ယွီက ဘယ်နေရာမှ မထိခိုက်ပေမယ့် ကောကတော့နည်းနည်းထိသွားတယ်။ ဒါက ပြဿနာမရှိပေမယ့် အရမ်းကြီးတဲ့ ပြဿနာတစ်ခုတက်နေလို့။ မား အရင်ဆုံး အခန်းကို လိုက်ခဲ့နော်”

ကြည့်ရတာ မစိုးရိမ်ရတဲ့ အခြေအနေဖြစ်၍ ကုယွမ်
စိတ်အေးသွားခဲ့ပါတယ်။
“သား၊ မင့် အစ်ကိုဆီ မားကို မြန်မြန်ခေါ်သွားပေးလေ”

ချီစန်းက ခေါင်းညိတ်ပြပြီး ကုယွမ်ကို ခေါ်လာခဲ့တယ်။

ဆေးရုံလေးက သေးသေးလေးဆိုပေမယ့် အခုတော့ လမ်းတလျှောက် လူမရှိတော့ပါဘူး။

အဲ့အချိန်မှာပဲ နျဲ့ယွီဟာ အဖျားတိုင်းကိရိယာကိုကိုင်ပြီး ဟိုဟိုဒီဒီ လမ်းလျှောက်နေတာကို တွေ့လိုက်ရရော။

ကုယွမ်တစ်ယောက် နျဲ့ယွီကို မြင်ခဲ့ပေမယ့် လုံးဝ မမှတ်မိခဲ့ဘူး။ နီစွေးနေတဲ့ မျက်လုံးတွေ၊ တွန့်ကြေနေတဲ့ ရှပ်အကျီ၊ ရှုပ်ပွနေတဲ့ ဆံပင်နဲ့ နျဲ့ယွီဟာ လူပုံစံတောင် မပေါက်တော့ပါဘူး။

“မင့် အစ်ကိုရော” လို့ ကုယွမ်က မေးလိုက်တယ်။

“မား၊ နောက်ဆုံးတော့ ရောက်လာပြီပေါ့” လို့ အကူအညီမဲ့စွာ နျဲ့ယွီ တစ်ယောက် ပြောလိုက်တာပေါ့။ “အစ်ကို (၁) က ကာကွယ်ဆေး မထိုးတဲ့အပြင် အဖျားတိုင်း ကိရိယာတွေကိုလည်း ချိုးပစ်တယ်။ အခု သူ့ကို ဆေးအရင် တိုက်ထားရတယ်။ ကျွန်တော် ဘာလုပ်ရမယ်မှန်းမသိ ဖြစ်နေတာ”

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now