Chapter 138

2.7K 264 3
                                    

Chapter 138 ( တရုတ်နိုင်ငံသို့ပြန်လည်ထွက်ခွာ
ခြင်း)

ကျန်းယင်ဖုန်းဟာ အခန်းထဲကနေ ခပ်မြန်မြန်ထွက်လာခဲ့ပြီး တရုတ်ကို ချက်ချင်းပြန်မယ်လို့ ပြောလာခဲ့ပါတယ်။

ကုယွမ်ဟာ ခဏနားချင်သေးပေမယ့် လေယာဉ်ပေါ်မှာပဲ နားဖို့ ဆုံးဖြတ်လိုက်တော့တာပေါ့။

အားလုံး လေယာဉ်ပေါ် ရောက်တဲ့အခါ စကားတွေ
ရေပက်မဝင်အောင် ပြောနေကြပါတယ်။ စကား အ
နည်းဆုံးကတော့ ဟော်ကျင်းချန်ပါ။ တစ်ဖက်မှာ
ကျန်းယင်ဖုန်းရဲ့ ပစ္စည်းကိရိယာတွေကို လေယာဉ်မောင်တွေနဲ့ နန်ကုန်း အိမ်တော်ထိန်းတို့က ဂရုတစိုက် သယ်လာနေကြတယ်။ သတိကြီးစွာနဲ့ပေါ့။

ကုယွမ်ဟာ ယင်ဖုန်းကို ကြည့်လိုက်တော့ ဆံပင်က
ရှုပ်ပွနေပြီး တစ်ညလုံး မအိပ်ထားရပုံပါပဲ။ ဒါပေမယ့် သူဟာ တက်ကြွနေပြီး တစ်ယောက်တည်း စကားတွေ ပြောနေတတ်တယ်။

ကုယွမ် : “ယင်ဖုန်း၊ သားဆံပင်တွေ ရှုပ်ပွနေတယ်။ မား ခေါင်းဖြီးပေးမယ်လေ”

ယင်ဖုန်း : “...”

ကုယွမ် : “ခေါင်းဖြီးပေးမယ်လို့”

ယင်ဖုန်း : “ဟုတ်တယ်။ ကျွန်တော်လည်း စဉ်းစားနေတာ။ ဘာကြောင့် မျိုးစိတ် နှစ်ခု ပေါင်းနေရတာလဲလို့။ နေရဲ့စွမ်းအင်ကများ ဒီလိုဖြစ်စေလောက်မလား”

ကုယွမ် : “...”

သူမက ခေါင်းဖြီးပေးမယ်ပြောတာကို သူက ဘာတွေပြောနေတာပါလိမ့်။

ယင်ဖုန်း : “တကယ်တော့ အဲဒါက ကြယ်တံခွန်
နဲ့ ဂြိုလ်သိမ်တို့ ပေါင်းစပ်ထားတဲ့အရာပဲ။ ဟုတ်တယ်၊ အဲလိုပဲဖြစ်မယ်”

ကုယွမ်က အကူအညီမဲ့စွာ ဘေးမှာရှိနေတဲ့ နျဲ့ယွီကို
ကြည့်လိုက်တယ်။

နျဲ့ယွီ : “မား၊ ညီ (၄) က ဘာတွေပြောနေတာလဲ။ ကျွန်တော် တစ်ခုမှ နားမလည်ဘူး”

ကုယွမ် : “မင်းရဲ့ညီလေးက သိပ္ပံပညာရှင်တစ်ယောက်လေ။ ဒီတော့ မားတို့ ဘယ်နားလည်ပါ့မလဲ”

ယင်ဖုန်း : “မား၊ ဒါကို ကြယ်တံခွန်လို့ ဘယ်လိုလုပ်ပြီး သိတာလဲ”

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now