Chapter 64

4.4K 557 7
                                    

Chapter  64 (ညီအစ်က်ိုချင်း ဆက်နွှယ်မှု)

ညလေအေးများ တိုက်ခိုက်နေတဲ့ လမ်းပေါ်မှာ မှောင်ပျပျ အလင်းရောင်နဲ့အတူ ကုယွမ် သူမ အရှေ့က ကောင်လေးနှစ်ယောက်ကို ကြည့်လိုက်မိတယ်။

တစ်ယောက်က ကမ္ဘာကျော် သရုပ်ဆောင်၊ နောက်
တစ်ယောက်က ကမ္ဘာကျော် စီးပွားရေးလုပ်ငန်းရှင်၊
သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် လက်
ချင်းဆွဲ နှုတ်ဆက်လိုက်ကြပေမယ့် နွေးထွေးမှုတော့ ရှိမနေခဲ့ပါဘူး။

ကျီချီစန်းဟာ လော့ကျွင်းထျန်ကို ကြည့်ပြီး ပြော
လိုက်တယ်။
“ကျွန်တော့် မား က ဒီလောကထဲ အခုမှ စဝင်တာဆိုတော့ ဒီလောကအကြောင်း သိပ်မသိသေးဘူး။ သူ အခုလို ဇာတ်ကားကောင်းတစ်ကားရဲ့ ခေါင်းဆောင်မင်းသမီး ဖြစ်သွားတဲ့အတွက် ဂုဏ်ယူပေမယ့် သူမကို ရှုပ်ထွေးလှတဲ့ ဒီနယ်ပယ်ရဲ့သားကောင် မဖြစ်စေချင်ဘူးဗျ။ သူမ သဘောကျတဲ့ အရာကို ပျော်ပျော်ရွှင်ရွှင် လုပ်စေချင်တယ်”

လော့ကျွင်းထျန်က ဘာမှမပြောပဲ သူ့ညီလေးရဲ့ အတွေးတွေကို ပြုံးလျက် နားထောင်ပေးနေပါတယ်။

အဲဒီနောက် သူ တခစ်ခစ်ရယ်လိုက်ပြီး “မစ္စတာကျီ ပြောတာ ဟုတ်ပါတယ်” လို့ ပြောလိုက်တယ်။

ချီစန်းကတော့ နားမလည်နိုင် ဖြစ်သွားခဲ့တာပေါ့။

သည်ကောင့်ကိုကြည့်ရတာ ဘာကိုမှ ဂရုမစိုက်တဲ့ပုံနဲ့ ပြုံးနေတာပဲ။

ဒါကြောင့် ချီစန်း ပိုစိတ်တိုသွားတာပေါ့။
သူက ဘယ်သူလဲ။ သူ့ရှေ့မှာ မား ကို မားလို့ခေါ်လိုက်တာတောင် သူမ အံ့ဩသွားဘူး။

ကျီချီစန်း : “ကျွန်တော့်အမေကို ဂရုစိုက်ပေးထား
လို့ ကျေးဇူးတင်ပါတယ်။ အခု နောက်ကျနေပြီဆိုတော့ ကျွန်တော်တို့ကို သွားခွင့်ပြုပါဦး”

ကျီချီစန်း : "မား၊ ကားပေါ်တက်တော့လေ”

သည်နေရာမှာ ကုယွမ်ဟာ ဘာမှမပြောနိုင်ဘဲ သူ့သား ပြောသလိုပဲ လိုက်လုပ်ခဲ့ရပါတယ်။

ကုယွမ်(လော့ကျွင်းထျန်ဘက်လှည့်လိုက်ပြီး) :
“ဒါဆို ကျွန်မ သွားလိုက်ပါဦးမယ်။ ဒီနေ့ကိစ္စအတွက် ကျေးဇူးတင်ပါတယ်ရှင့်။ နောက်မှ ထမင်း
ဖိတ်ကျွေးပါဦးမယ်”

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now