Chapter 82 (ဟော်လန်တင်းရဲ့ ဝမ်းနည်းမှု)
ဟော်လန်တင်းက လှပတဲ့ကောင်လေး တစ်ယောက်ပါ။
အနည်းငယ် တိုပြီး ကောက်ကွေးနေတဲ့ ဆံပင်လေးတွေက သူ့ကိုပိုပြီး ချစ်ဖို့ကောင်းစေတယ်။
သူ့ရဲ့ မျက်လေးနက်နက်ကလေးတွေက ကြည်လင်နေပြီး မျက်တောင်အရှည်ကြီးတွေက မြင်သူတိုင်းကို ဖမ်းစားနိုင်တယ်။ အရုပ်ကလေးတစ်ရုပ်၊ ဒါမှမဟုတ် မင်းသမီးလေးတစ်ပါးလိုပဲ။
ကောင်ငယ်လေးရဲ့ အနောက်တိုင်းဝတ်စုံသေးသေးလေးမှာ နက်တိုင် အနီရောင်လေးနဲ့ စတိုင်ကျလှပနေတယ်။
သူ့ဝတ်စုံရဲ့ကော်လံတစ်ဝိုက်မှာ ဟော်မိသားစုရဲ့ အမှတ်အသားတစ်ခု ရှိနေတာကို ကုယွမ်သတိထားမိသွားလေရဲ့။
သူက ချမ်းသာတဲ့ မိသားစုက ပိုးမွေးသလို မွေးထားတဲ့ ချစ်စရာကောင်းတဲ့ သခင်ငယ်လေးတစ်ယောက်ပါ။
သည်လို ချစ်စရာကောင်လေးဆီကနေ ကုယွမ် နှစ်ကြိမ်တောင် အရူးလုပ်ခံခဲ့ရတယ်။
အခုလည်း သူက ထပ်ငိုနေပြီး ကြယ်လင်တဲ့မျက်ရည်စတွေဟာ ထူထဲတဲ့မျက်တောင်အရှည်ကြီးတွေပေါ်ကနေ လှိမ့်ဆင်းလာတယ်လေ။
သူ့ရဲ့ဖြူဖွေးတဲ့ သွားသေးသေးလေးတွေ ပန်းရောင်နှုတ်ခမ်းလေးကို ကိုက်ထားပုံက အရမ်းဝမ်းနည်းစရာကောင်းနေတယ်။
သည်လိုကလေးကို မြင်တဲ့သူတိုင်း သနားမိလိမ့်မယ်။
ကုယွမ်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ကာ သူမကိုယ်သူမ သတိပေးလိုက်တယ်။ ဒီကလေးက ဟန်ဆောင်နေတာ၊ သူက သရုပ်ဆောင်တာ အရမ်းတော်တယ်။
နောက်တစ်စက္ကန့်အတွင်းမှာ သူ့ရဲ့မျက်ရည်တွေကို ပွတ်သုတ်ပြီး သူမကို ငတုံးလို့ လှောင်ရယ်လိမ့်မယ်။
"ဧည့်ခန်းမမှာ လူတွေအများကြီး ရှုပ်ထွေးနေကြတယ်။ မင်းက အရမ်းထက်မြက်နေရင်တောင် အသက်ငယ်သေးတဲ့အတွက် လျှောက်ပြေးမနေနဲ့။ လူကုန်ကူးသူတွေနဲ့ တွေ့သွားရင် တကယ် ငိုနေရလိမ့်မယ်"
တစ်ဖက်လူက အသက်လေးနှစ်အရွယ် ကလေးတစ်ယောက်။ ကုယွမ် အဲ့ကလေးကို ဂရုမစိုက်ချင်ပေမယ့် လူဆိုးတွေကြောင့် အဲ့ကလေးပျောက်သွားမှာကိုလည်း မမြင်ချင်ပါဘူး။