Chapter 8

5.3K 597 1
                                    

GP 1 စဆုံးပြီးသွားပါပြီ

Chapter - 8 ရည်းစားဟောင်းက ရုပ်ရှင်ဧကရာဇ်ဖြစ်လာတယ်

ဟောခန်းကျယ်ကြီးထဲ ဝင်လာတော့ ခုံတွေအကုန် လူပြည့်နေပြီး နောက်ကျသွားလို့ အခန်းရဲ့ထောင့်တွေမှာ မတ်တပ်ရပ်နေကြတဲ့ ကျောင်းသားတွေတောင် ရှိနေတယ်။
အထူးသဖြင့် မိန်းကလေး ကျောင်းသူတွေဟာ စိတ်လှုပ်ရှားစွာဖြင့် စင်ပေါ်ကလူကို အော်ဟစ်အားပေးနေကြတယ်။

ကုယွမ် ခက်ခက်ခဲခဲနဲ့ အထဲကို တိုးဝင်လာပြီးနောက် စင်ပေါ်က လုကျီးချန်ကို ကြည့်လိုက်တယ်။ ရုပ်ရှင်ဧကရာဇ်လုကျီးချန်မှာ ထူးချွန်တဲ့ သရုပ်ဆောင်စွမ်းရည်ရှိပြီး သူပါဝင်ထားတဲ့ ရုပ်ရှင်တွေက အချိန်ခဏတာအတွင်း ကျော်ကြားလာခဲ့တယ်။

နိုင်ငံတွင်း ရုပ်ရှင်ပွဲတော်တွေမှာ ဆုပေါင်းများစွာ ဆွတ်ခူးနိုင်ခဲ့ပြီး သူ့မှာ ပရိသတ် သန်းပေါင်းဆယ်ချီအထိ ရှိနေတယ်။

အခု ၄၅နှစ်အရွယ်ကို ရောက်လာတာတောင်မှ သူကကျော်ကြားနေတုန်းပါပဲ။
ခေတ်ကာလတူခဲ့တဲ့ အသက်လေးဆယ်အရွယ် သက်လတ်ပိုင်းအမျိုးသမီးတွေတင်မကပဲ ဆယ်ကျော်သက်မိန်းကလေးတွေထဲမှာပါ သူ့ပရိသတ်တွေ ရှိကြပါတယ်။

ရုပ်ရှင်ကျောင်းမှာ ဆိုရင်လည်း လုကျီးချန်ကို စံနမူနာယူကြပြီး သူတို့ဘဝရဲ့ ရည်မှန်းချက်ပန်းတိုင်လို့ မှတ်ယူထားကြတဲ့ ကျောင်းသားတွေတောင် ရှိသေးတယ်။

အခုလည်း လုကျီးချန်က မိန့်ခွန်းတောင် မပြောရသေးဘူး။ စင်အောက်က ကျောင်းသားတွေဟာ ကြက်သွေးထိုးထားသလို တက်ကြွနေကြတယ်။
ကျယ်လောင်လွန်းတဲ့ အားပေးသံတွေကြောင့် လူဘယ်နှစ်ယောက်တောင် အော်ဟစ်နေကြလဲဆိုတာ မသိနိုင်ပေ။
တာဝန်ရှိသူတွေ ဝင်ထိန်းမှသာ အားလုံးငြိမ်သွားကြတယ်။

ရုပ်ရှင်ဧကရာဇ် လုကျီးချန်ဟာ မိုက်ခရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး ကျောင်းသားတွေကို နှုတ်ဆက်စကား ပြောလာတယ်။ သူက ကြင်နာတတ်တဲ့ပုံစံ နူးညံ့နေတဲ့ လေသံဖြင့် ...
"ဂွတ်ဒ်မောနင်းပါ၊ ဂျူနီယာ ညီလေး၊ ညီမလေးတို့ …"
ကျောင်းသားတွေက တစ်ဖန် အော်ဟစ်အားပေးကြပြန်တယ်။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now