Chapter 26

4.8K 578 12
                                    

Chapter 26

များစွာသော အဖြစ်အပျက်တွေက နျဲ့ယွီ စိတ်ထဲမှာ ပြေးလွှားနေခဲ့ပါတယ်။ ကျီချီစန်းရဲ့ဘေးမှာ ရပ်နေခဲ့တဲ့ မားကို သူမြင်ယောင်ကြည့်လိုက်တယ်။ သူ့အဖေပြောတဲ့ သဘာဝလွန် အဖြစ်အပျက်ဆိုတဲ့ စကားကိုကြားတော့ သူအေးခဲသွားသလိုပါပဲ။ ဒါကြီးက အရမ်းကိုထူးဆန်းလွန်းလို့ သူယုံတောင် မယုံနိုင်ပါဘူး။

သူ ဖိုင်ကိုယူပြီး သေချာကြည့်လိုက်တယ်။

သူ့ရဲ့မျက်လုံးတွေက စာတွေကို အမြန်ဖတ်လိုက်ပါတယ်။ သူစာတွေအားလုံးကိုဖတ်လိုက်ပြီးပေမယ့် ဘာအကြောင်းကို ပြောထားတာလဲဆိုတာ ခေါင်းထဲ တွေးလို့ မရဘူးဖြစ်နေခဲ့တယ်။

ဒီကိစ္စဟာ သူဘယ်တုန်းကမှ စိတ်ကူးမထားဖူးတဲ့ကိစ္စပါ။ ဒီကိစ္စက သူ့အတိတ်က အမြင်တွေ အားလုံးကို အလဲထိုးနိုင်ခဲ့တယ်။

တော်တော်ကြာမှ စကားတွေရဲ့အဓိပ္ပာယ်ကို နားလည်လာပြီး ဘာပြောထားလဲဆိုတာ တွေးလို့ရလာခဲ့ပါတယ်။

သူက သာမန်လူတွေလို မွေးဖွားခဲ့တာ မဟုတ်ပဲ အမျိုးသမီးတယောက်စီက မျိုးဥရယ်၊ သူ့အဖေရဲ့သုတ်ပိုးရယ်ကို ပေါင်းစပ်ပြီး အဆင့်မြင့်နည်းပညာနဲ့ မွေးဖွားလာခဲ့တဲ့ သူတစ်ယောက်ဖြစ်နေခဲ့တယ်။

ပြီးတော့ သူ့အမေ။ သူ့အမေက လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းက အရမ်းကို ရှားပါးတဲ့ရောဂါတစ်ခုကြောင့်
အေးခဲခံခဲ့ရတာတဲ့။

ဒါတွေကို အကုန်ဖတ်ပြီးတဲ့အခါ နျဲ့ယွီ သေချာနားလည်သွားခဲ့ပါပြီ။

သူခေါင်းကို မော့လိုက်ကာ သူ့အဖေကို ကြည့်ပြီး တည်ငြိမ်နေတဲ့ မျက်လုံးတွေနဲ့ သက်ပြင်းတစ်ချက်
ချကာ ပြောလိုက်တယ်။ “ဒါဆို ကျွန်တော်နဲ့ ကျီချီစန်းက အတူတူပဲပေါ့။ လူတစ်ယောက်တည်းကနေ ဆေးပညာအရ မွေးဖွားလာတဲ့ ကလေးတွေ ဒါမှမဟုတ် ကျွန်တော်တို့က…”

“ဖအေမတူ မအေကွဲ ညီအစ်ကိုတွေပေါ့”

နျဲ့နန်ချင်း ခေါင်းညိတ်ပြလိုက်ပြီး “ဟုတ်တယ် ငါ့သား။ မင်းတို့နှစ်ယောက်လုံးကို တစ်ချိန်တည်း၊ တစ်နေရာတည်းမှာ မွေးဖွားခဲ့တာပဲ”

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Donde viven las historias. Descúbrelo ahora