Chapter 62

4.1K 475 1
                                    

Chapter 62 (တစ်ခုခုသွားသောက်ကြမလား)

ကုယွမ် ရိုက်ကွင်းကို တစ်ခါမှ မရောက်ဖူးတာ မဟုတ်ပေမယ့် ၂၅ နှစ်ကြာမှ ပြန်ရောက်တဲ့အခါ
စိတ်တွေ လှုပ်ရှားနေမ်ိပါတယ်။

ဆယ်စုနှစ် ၂ စုစာကုန်လွန်သွားတဲ့အခါ ရိုက်ကွင်း
က ပစ္စည်းကိရိယာတိုင်းဟာ ပြောင်းလဲသွားခဲ့ပြီး
ပိုမို ဆန်းသစ်လာခဲ့ပါတယ်။

သူမကို နျဲ့ယွီကပဲ ခပ်စောစော လိုက်ပို့ပေးခဲ့တာပါ။

နျဲ့ယွီ ပြန်မသွားခင် သူမကို အထူးအခွင့်အရေးတွေ
ဘာမှမပေးစေလိုကြောင်း နျဲ့ယွီကို သတိပေး
လိုက်ပါသေးတယ်။

နျဲ့ယွီက လက်မခံချင်ပေမယ့် အင်တင်တင်နဲ့ပဲ သဘောတူလိုက်ရတာပေါ့။

ကုယွမ်လည်း နှုတ်ဆက်ရမယ့်သူတွေ များနေတာ
နဲ့ နျဲ့ယွီ ထူးဆန်းနေတာကို မစဉ်းစားဖြစ်ခဲ့ပါဘူး။

လော့ကျွင်းထျန်ကလည်း မနက်စောစောရောက်
လာခဲ့ပြီး သူမကို အလုံးစုံပြောပြနေပါတယ်။ နေ့လည်ကျ ကိုယ်ကြိုက်တဲ့ သောက်စရာတစ်ခုခုကို တောင်းလို့ရသလို နားချိန်မှာ သူများတွေနဲ့ တရင်းတနှီးဆက်ဆံရမယ် ဆိုတာမျိုးပေါ့။

အဲ့ဒီနေ့မှာ မင်းသမီးဟာ တောတောင်တွေကြားကရွာလေးကနေ နန်းတော်ထဲ အခစားဝင်ရတဲ့အခန်း ရိုက်ရတဲ့အတွက် လင်လု အပါအဝင် တခြား နာမည်ရှိပြီးသား သရုပ်ဆောင်တွေနဲ့ အတူတူ ရိုက်ရပါတယ်။

သူတို့တွေကတော့ ကုယွမ်ကို မကျေမနပ်ဖြစ်နေတာပေါ့။ သူတို့က ကုယွမ်လို လူသစ်အတွက် အရန်နေရာကနေ သရုပ်ဆောင်နေရတာကိုး။

ကုယွမ် သူတို့ရဲ့ခံစားချက်ကို နားလည်တဲ့အတွက်
သူမ ဇာတ်ကားမှာပဲ အာရုံစူးစိုက်ဖို့ ဆုံးဖြတ်ထားလိုက်တယ်။

လော့ကျွင်းထျန်ရဲ့အကူအညီနဲ့ ဇာတ်ညွှန်းကို သေချာပိုင်နိုင်ခဲ့တာကြောင့် အရမ်းတင်းကြပ်တဲ့ ဒါရိုက်တာ နင် စန်းယွဲ့ကတောင် Card လို့ အော်ပြီးတစ်ခါမှ မရပ်ရသေးပါဘူး။

သည်တော့မှ အရန်သရုပ်ဆောင်တွေရဲ့ မျက်နှာထား
က ဖြေလျှော့လာပါတော့တယ်။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now