Chapter 172

2.3K 188 1
                                    

Chapter 172 (ကိုယ်မလုပ်နိုင်ဘူးလို့ ဘယ်သူပြောလဲ)


ဟော်ကျင်းချန်က သူမကိုဖက်ပြီး အရိုင်းဆန်တဲ့ အနမ်းတစ်ခု ပေးလာခဲ့တယ်။ အခု သူ့ရဲ့ ထိန်းချုပ်မှု ကင်းမဲ့နေတဲ့ပုံစံက သာမန်အချိန်မှာရှိနေကျ လူကြီးလူကောင်းပုံရိပ်ကို အစိတ်စိတ်အမွှာမွှာ ကွဲကြေစေခဲ့ပါတယ်။

ဆောင်းရာသီရဲ့ လေက အရမ်းအေးပေမယ့် ကုယွမ်ကတော့ ပူလောင်နေသလို ခံစားရတယ်။

ရှည်ကြာလှတဲ့ အနမ်းအဆုံးသတ်သွားချိန်မှာတော့ သူမ သူ့ရဲ့ပုခုံးကို မှီထားရတယ်။

ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်နေတယ်။

"ကျွန်မ ရှင့်ကို ပထမဆုံး စတွေ့တုန်းက မသေမျိုးလို့တောင် ထင်ခဲ့တာ၊ ရှင့်ရဲ့ပုံစံက ဒီလောကနဲ့ မသက်ဆိုင်သလိုပဲ၊ ကျွန်မကို မြင်တာတောင် နည်းနည်းမှ အာရုံမစိုက်ဘူး"

ဟော်ကျင်းချန်တစ်ယောက် မျက်မှောင်ကျုံ့ကာ အဲ့တုန်းကအချိန်ကို ပြန်တွေးကြည့်လိုက်တယ်။

"မဟုတ်ဘူး၊ အဲ့အချိန်တုန်းက ကိုယ် မင်းကို စိတ်ဝင်စားလို့ သာမန်ထက် ပိုပြီးကြည့်ခဲ့တယ်"

"ဒါပေမယ့် ရှင့်ရဲ့အကြည့်က လမ်းဘေးက မြက်တွေကို ကြည့်နေတဲ့အတိုင်းပဲလေ"

"မဟုတ်ပါဘူး၊ ကိုယ်...ကိုယ်က မင်းရဲ့မျက်လုံးတွေကို လှတယ်ထင်လို့"

သူမက နှစ်ပေါင်းများစွာ အတွင်းမှာ သူမှတ်မိတဲ့ ပထမဆုံးမိန်းကလေး ဖြစ်တယ်။

"ကျွန်မတော့ မယုံပါဘူး၊ ရှင်နောက်နေတာပဲ ဖြစ်ရမယ်"

ဟော်ကျင်းချန်က သူမရဲ့လက်ကို ညင်သာစွာ ကိုင်လိုက်ပြီး "ကိုယ် မင်းကို မလိမ်ပါဘူး"

ကုယွမ်က သူ့ရဲ့အလေးအနက်ဖြစ်နေတဲ့ မျက်နှာလေးကို ကြည့်ပြီး ကျယ်လောင်စွာ ရယ်လိုက်ကာ သူ့ မျက်နှာကို ဖျစ်ညှစ်လိုက်တယ်။

အမျိုးသားက သူမကို နည်းနည်းမှတောင် မခုခံဘူး။

ကုယွမ်ရဲ့ နှလုံးသားထဲ ချိုမြိန်လာကာ မနေနိုင်ဘဲ ခြေဖျားထောက်ပြီး သူ့ကိုနမ်းလိုက်တယ်။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Tahanan ng mga kuwento. Tumuklas ngayon