Chapter 185

2.4K 194 2
                                    

Chapter 185 (ပြန်လည်နိုးထလာခြင်း)

ကုယွမ်တစ်ယောက် နိုးထလာတဲ့အခါ အရာရာတိုင်းက တိတ်
ဆိတ်နေပြီး စက်ကိရိယာတွေရဲ့အသံကိုပဲ ကြားနေရတယ်။

သူမ အရင်တစ်ခေါက် နိုးထလာတုန်းက ဒေါက်တာချန်းက သူမကို အနှစ်,နှစ်ဆယ်ကျော် အိပ်ခဲ့တာလို့ ခြောက်ခြားဖွယ်ပြောခဲ့တာ။

သူမ နိုးလာတဲ့အခါမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအားလုံး ပြာပြာသလဲ ဝင်လာခဲ့ကြတယ်။
“ကုယွမ်၊ အဆင်ပြေရဲ့လား”

ကုယွမ်က ဒေါက်တာ လော့ရဲ့အသံကို ကြားလိုက်
ရတယ်။

ကုယွမ် : “ပြေပါတယ်။ ဒါနဲ့ ကျွန်မ အိပ်ပျော်သွားတာ ကြာလား ဟင်”

ဒေါက်တာလော့ : “အင်း၊ ကြာတာပေါ့။ ၂၆ လောက်တော့ ရှိမယ် ထင်တယ်”

ဟင် ... နှစ်ဆယ့်ခြောက်နှစ်တောင် ကြာသွားပြီဆိုတော့ သူမရဲ့သားတွေတောင် အသက် လေးဆယ် ရောက်နေတော့မှာပဲ။ လန်တင်းတောင် အသက် ၃၀ နားနီးနေလောက်ပြီ။

နောက်ပြီး သူ့ရဲ့ချန်ချန်ကရော၊ အခုဆို ငါးဆယ့်ခြောက်နှစ် ရှိနေရောပေါ့။

ကုယွမ် : “သူတို့… သူတို့ရော”

ဒေါက်တာလော့ : “သူတို့ ရှိပါတယ်။ မစ္စတာ ဟော်ကလည်း ဒီနားမှာအမြဲရှိနေတာ။ သူ့ မိသားစုကိစ္စတွေတော့ ခဏ သွားလုပ်ပေးလိုက်ရသေးတယ်”

ကုယွမ် : “ဟုတ်လား။ ကျွန်မ သားတွေရော”

ဒေါက်တာ လော့ : “အခု ကုယွမ် ခဏနားပြီးရင် ကျွန်တော် သူတို့ကို ဒီအခန်းထဲ ခေါ်လာလိုက်မယ်။
ဒါပေမယ့် သူတို့တွေက ဝတ်စုံပြည့်ဝတ်ထားကြမှာနော်။ မင်းက အားအရမ်းနည်းနေသေးတော့ ပိုးတွေ ဘာညာဝင်မှာစိုးလို့"

ကုယွမ် : “ဟုတ်ကဲ့ပါ၊ ဒေါက်တာ လော့”

အချိန်ခဏကြာတော့ သူမ ပထမဦးဆုံး မြင်လိုက်ရတာက ဟော်ကျင်းချန်ပါ။ တစ်ကိုယ်လုံး ဝတ်စုံပြည့်နဲ့မို့ မျက်နှာကို သေချာ မမြင်ရပေမယ့် မျက်လုံးတွေကတော့ နီရဲစုတ်နေတာပါပဲ။

ကျင်းချန် : “နောက်ဆုံးတော့ မင်း နိုးလာပြီပေါ့”

ကုယွမ် : “ရှင် ... ရှင်၊ ကျွန်မကို အခုထိ စောင့်နေတာလား”

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now