Chapter 30

4.8K 530 8
                                    

Chapter 30

အိမ်တော်ထိန်း ကျူးကော ဟာ ခပ်မြန်မြန်ပဲ ကုယွမ် အတွက် အခန်းတစ်ခန်း စီစဉ်ပေးလိုက်ပါတယ်။ ကုယွမ်လည်း အခန်းထဲကို ချောချောမွေ့မွေ့ပဲ ရောက်သွားခဲ့ပါတယ်။

အဲဒီနောက် သူမ ရေချိုးလိုက်ပြီး အရသာရှိလှတဲ့ ညစာ စားလိုက်ပါတယ်။ ပြီးတော့ သူ့သားကို ရှာပါတော့တယ်။

သူမ နျဲ့ယွီကိုတွေ့တော့ နျဲ့ယွီဟာ အမိုးမပါတဲ့ ရေကူးကန်မှာ ရေကူးနေတာပါ။

နေဝင်နေပြီဖြစ်တာကြောင့် နေဝင်ဆည်းဆာက ဒီရေကန်က်ို အရိပ်ထင်နေခဲ့ပါတယ်။ နီဆွေးနေတဲ့ ကြက်သွေးရောင် နေဝင်ဆည်းဆာလေးပေါ့။ ဒီရေကူးကန်ထဲမှာ ရေကူးနေတဲ့ လူငယ်လေးရဲ့ပုံစံဟာ ပန်းချီဆွဲထားတယ်လို့ ထင်ရအောင် လှပလွန်းနေပါတယ်။

ကုယွမ် ဘေးက ကုလားထိုင်ပေါ်ထိုင်လိုက်ပြီး သူ့သားရဲ့ ပုံပန်းသွင်ပြင်ကို သဘောကျနေကာ ချီစန်းဆီကို စာတစ်စောင်ပို့လိုက်ပါတယ်။
“သား၊ မား ဒီရက်ပိုင်း အိမ်ပြန်လာဖြစ်မှာ မဟုတ်ဘူး။ မား စနေနေ့ကျ ပြန်လာခဲ့မယ်နော်”

JQS : “ကျောင်းမှာပဲနေမလို့လား မား”

မြက်ကြိုက်တဲ့ယွမ်ယွမ်လေး : “မဟုတ်ဘူး သား။ မား ဒီရက်ပိုင်း နျဲ့ယွီ အိမ်မှာ နေမလို့”

တစ်ဖက်က ပြန်စာမလာခဲ့ပါဘူး။

ကုယွမ် လက်မြှောက်လိုက်ပြီး ရေကူးကန်ကို ကြည့်လိုက်တယ်။

နျဲ့ယွီကို ကြည့်ရတာ တစ်ဖက်အစွန်းကနေ ရေကူးပြီး ပြန်တက်လာတော့မယ် ထင်တယ်။ သူ ရေထဲကနေ ခေါင်းဖော်လာတဲ့အချိန်မှာ လှပတဲ့ ညှပ်ရိုးနဲ့ ရေသီးလေးတွေ ခိုတွဲနေတဲ့ ဆံပင်တိုလေးဟာ ကြည့်မိသူအဖို့ လှပလွန်းနေမှာ အမှန်ပါပဲ။ အဲဒီနောက် သူ ရေကူးကန်ထဲကနေ ခုန်တက်လိုက်ပါတယ်။ တစ်ပတ်ခြုံထားတဲ့ ခါးဟာ သေးငယ်လှပြီး ခြေတံရှည်ကြီးတွေကလည်း အံ့ဩစရာပါပဲ။

နျဲ့ယွီက တကယ့်ကို ဘုရားပေးတဲ့ လှပခြင်းလက်ဆောင်ကို အမွေရထားတာပဲ။

ကုယွမ် WeChat က စာတွေကို ပြန်ငုံ့ဖတ်လိုက်တော့ ချီစန်း စာပြန်ထားတာ တွေ့လိုက်ရပါတယ်။
“အော်” တဲ့ ...

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now