Chapter 63

4.1K 526 2
                                    

Chapter 63 (ညီအစ်ကိုများ ပေါင်းစည်းခြင်း)

လင်လုက ကုယွမ်ကို နောက်တစ်ခါ ထပ်ကျေးဇူးတင်လိုက်ပြီးနောက် မန်နေဂျာကိုခေါ်ကာ ကားမောင်းထွက်သွားတယ်။

မသွားခင်လေး ကုယွမ်ကို တစ်ချက်ကြည့်ပြီး ညင်သာစွာ ပြုံးပြခဲ့ပါသေးတယ်။

လမ်းမီးတိုင်ဖျော့ဖျော့အောက်မှာ လင်လုရဲ့မျက်နှာက ခံစားမှုတွေကို သူမ သေချာသိလိုက်တယ်။

မိတ်ကပ်ဆရာကိစ္စတုန်းက သူမကို လင်လုက အားနာနေပုံပဲ။ သူမကတော့ အဲ့ကိစ္စက်ို စိတ်ထဲကို
မရှ်ိတော့ပါဘူး။

သူမ လင်လုကို ခေါ်ထုတ်လာရတာက မိန်းကလေးချင်း ကိုယ်ချင်းစာလို့ပါ။

ဒါဟာ မှန်မှန်မှားမှား နောက်ဆုံးမှာတော့ လင်လုရဲ့ ရိုးသားတဲ့အပြုံးကို မြင်ရတာနဲ့တင် ကျေနပ်လှပါပြီ။

အဲဒီနောက် ကုယွမ်က ပျော်ရွှင်စွာ ပြောလိုက်တယ်။
“မစ္စတာလော့၊ ကျွန်မ ရှင့်ကို တကယ်ကျေးဇူးတင်
ပါတယ်။ ရှင်သာ မကူညီရင် အိမ်ကို ဖုန်းလှမ်းဆက်ရတော့မှာ။ ဒါဆို သူတို့က ကျွန်မကို စိတ်ချတော့မှာ မဟုတ်ဘူး”

လော့ကျွင်းထျန် တစ်ယောက် သူ့ရှေ့မှာ ပြုံးရွှင်နေတဲ့ ကုယွမ်ကို ကြည့်ပြီး ပြုံးလိုက်တယ်။

သူ ကုယွမ်ကို သူငယ်ငယ်လေးကတည်းက သိခဲ့တာပါ။

သူဟာ သိပ္ပံနည်းပညာနဲ့ မွေးဖွားလာခဲ့တဲ့သူလေ။ပြီးတော့ သုတေသနလက်တွေ့ခန်းထဲမှာ ကြီးပြင်းလာရသူပါ။ သူအိမ်စာတွေ ပြီးတာနဲ့ သူမကို အမြဲလာတွေ့နေကျပေါ့။

သူ့မှာ လွန်ခဲ့တဲ့အနှစ်,နှစ်ဆယ်၊ ကုယွမ် ခွဲခန်းထဲကို မဝင်ခင်က ချန်ထားခဲ့တဲ့ ပစ္စည်းတွေတောင် ရှိပါသေးတယ်။

ဒိုင်ယာရီတစ်ချို့ရယ်၊ ပိုစကတ်လှလှလေးတွေရယ်၊ သူငယ်ချင်းတွေနဲ့အတူတူ ရိုက်ထားတဲ့ ဓာတ်ပုံတစ်ချို့ရယ်ပေါ့။

သူ သေချာပေါက် စာတွေကို ဖတ်ကြည့်ခဲ့ပါတယ်။

သူမဟာ မိထွေးကို အရမ်းရွံ့ပြီး အိမ်မက်နောက်လိုက်ဖို့ အရမ်းစိတ်အားထက်သန်တယ်။
ပြီးတော့ သူမဘေးက လူတွေအပေါ်မှာလည်း ကောင်းကောင်းဆက်ဆံတယ်။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now