Chapter 112

4.8K 452 6
                                    

Chapter 112 (မွေးနေ့လက်ဆောင်အပိုင်းဆက်)

ပန်းချီထဲမှာ လှပတဲ့ မိန်းကလေးဟာ အစိမ်းရောင် တံခါးပေါက်ဘေးမှာ နောက်ကျောပေး ရပ်နေတာကို တွေ့ရမှာပါ။ သူမဟာ နောက်ကျောကပဲကြည့်ရင်တောင် ဂန္ဓဝင် အနုပညာမြောက်တယ်လို့ ဆိုနိုင်ပါတယ်။

အားလုံးဟာ အနုပညာနယ်ပယ်ထဲကဆိုတော့ သည်နောက်ကျောပုံကိုကြည့်တာနဲ့တင် ဘာဆိုတာ တန်းသဘောပေါက်ကြပါတယ်။ ဒါက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က Immortal love in the sky ဆိုတဲ့ကားရဲ့ပိုစတာပဲ။ သည်ပိုစတာကို ရုပ်ရှင်သင်တန်းကျောင်းက ပါမောက္ခတွေဟာ ဂန္ဓဝင်လက်ရာအဖြစ်သင်တန်းသူတွေကို သင်ကြားပေးလေ့ရှိတဲ့သင်ခန်းစာတစ်ခုအဖြစ် ပါဝင်ပါတယ်။

ဒါကို ဘာလို့ ကုယွမ်ကို မွေးနေ့လက်ဆောင်အနေ
နဲ့ ပေးရတာလဲ။

ကုယွမ်ကတော့ အရမ်းထိတ်လန့်သွားပြီး နေရာမှာတင် အသိစိတ်ခဏ လွတ်သွားခဲ့တယ်။
“မား ...”
“မား ...”

အဲ့သည့်နောက် ကုယွမ်ဟာ ဟူယွဲ့ကျင်းကို ကြည့လိုက်မိတယ်။ အခုတော့ သူမ ဘဝရဲ့ တစ်ဝက်စာအပိုင် ယူထားခဲ့တဲ့အရာကို ပြန်ပေးရမလို ဖြစ်နေပါပြီ။ မနှစ်က သူ့ ယောက်ျားက ဝန်ခံစရာရှိတယ်လို့ ပြောပြီး ပိုစတာထဲက နောက်ကျောပုံကို မြင်ပြီး သဘောကျခဲ့တာလို့ ပြောခဲ့တယ်။ စစချင်းမှာ ယွဲ့ကျင်းက စိုးရိမ်နေပေမယ့် နောက်ပိုင်း ကုယွမ် မရှိတော့ သူမက သည်လျှို့ဝှက်ချက်ကို တစ်သက်လုံး
ထိန်းနိုင်ပြီလို့ ထင်ခဲ့တာပါ။ ဒါပေမယ့် အခုတော့ဘူးပေါ်သလို ပေါ်နေပါပြီ။

ဟူယွဲ့ကျင်းဟာ ခြေတောင် မခိုင်တော့ပဲ ယိုင်တိုင်တိုင် ဖြစ်နေတယ်။

ချီစန်း : “ဒါက ကျွန်တော့်ရဲ့မား လွန်ခဲ့တဲ့ နှစ်ဆယ့်ခုနှစ်တုန်းက ရိုက်ခဲ့တဲ့ ပိုစတာပါ။ နောက်တော့ အခိုးခံလိုက်ရပြီး တခြား လူတစ်ယောက်က အသုံးပြုခဲ့တယ်။ ကျွန်တော်ကတော့ မားကို အခုသူ့အတွက် မွေးနေ့လက်ဆောင်အဖြစ် တရားမျှတမှု ပြန်ပေးချင်ပါတယ်”

အားလုံးက အံ့ဩပြီးရင်း အံ့ဩရင်းပါပဲ။
သည်ထဲမှာ မီဒီယာက လူတွေလည်း အများကြီးရှိတဲ့အတွက် အားလုံးက သတင်းတစ်ပုဒ်တော့ သေချာပေါက် ရေးပြီးနေကြပါပြီ။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now