Chapter 101
ကျွင်းထျန်တစ်ယောက် အိပ်ပျော်သွားတော့ ကုယွမ်က သူ့မျက်နှာလေးကို အသာအယာ ထိတွေ့လိုက်တယ်။
သည်ကောင်လေးဟာ ရုပ်ရည် ခန့်ညားချောမောတဲ့
ကမ္ဘာကျော် သရုပ်ဆောင်တစ်ယောက်ပါ။ကုယွမ်ဟာ သားကို မြင်မြင်ချင်း နာမည်ကြီးစတားဖြစ်ရမယ်လို့ တွေးမိတဲ့အထိ
ချောမောလွန်းတာပါ။သည်လို ကောင်လေးတစ်ယောက်ဟာ သူမရဲ့သားဖြစ်လာလိမ့်မယ်လို့ သူမ စိတ်တောင် မကူးရဲခဲ့ဘူး။
စီနီယာတစ်ယောက်လည်းဖြစ် အသိပညာတွေ အရမ်းများတဲ့ သူကို သားတော်ရတာ စစချင်းတော့ နေရခက်လှပါတယ်။
ဒါကြောင့် အမြဲတမ်း ကျွင်းထျန်ကို သားတစ်ယောက်ဆိုတာထက် ဆွေမျိုးတစ်ယောက်လိုပဲ သဘောထားနိုင်ခဲ့တယ်။
သည်ကောင်လေးက အသက် ၉ နှစ်မှာ သည်လို အဖြစ်မျိုး ကြုံခဲ့ရမယ်လို့ ဘယ်သူက ထင်မိမှာလဲ။
ဆေးပညာမှာ ပါရမီပါတဲ့ ကလေးတစ်ယောက်က သည်ကိစ္စကြောင့် အိမ်မက်ကို စွန့်လွှတ်ခဲ့ရတာလို့
တွေးမိတော့ သူမ ရင်ဘတ်တွေ လေးလံလာခဲ့ပါ
တယ်။သူမ စဉ်းစားနေချိန်မှာပဲ ကလေးငယ်လေးရဲ့အသံကို ကြားလိုက်ရတယ်။
“မား … မား…”ပြီးတော့ လက်သေးသေးလေးနဲ့ လာဖက်တာကို
ခံစားလိုက်ရတာပေါ့။
“လန်တင်း၊ ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာ
လဲ။ တစ်ယောက်ထဲ လားတာလား”ပြီးတော့ လန်တင်းက ဘာလို့ သူမကို မားလို့ခေါ်
ရတာပါလိမ့်။လန်တင်း : “မား မား မား မားက သားရဲ့အမေ၊
သားက မားရဲ့သားတဲ့၊ ယေး”“လန်တင်း၊ မင်း ... မင်း ဗိုက်နာတာရော သက်သာ
သွားပြီလား”“အွန်း၊ သား ဗိုက်နာတာ ပျောက်သွားပြီ။ သားရဲ့မားကို တွေ့ပြီဆိုတော့ ပျောက်သွားပြီ”
“လန်တင်း၊ ဒီလိုပြီး စလွယ်မပြောရဘူးလေ။ ဒါနောက်စရာ မဟုတ်ဘူး”
“မား၊ သားကို တကယ်ပဲ မသိဘူးလား။ ဘာလဲ
သားက မားလိုချင်တာတွေကို ဝယ်မပေးနိုင်လို့
လား။ ခဏစောင့်ပါ မားရဲ့၊ သားကြီးလာရင်
ပိုက်ဆံတွေ အများကြီးရှာပြီး မားလိုချင်တာတွေ
အကုန်ဝယ်ပေးမယ်”