Chapter 9

5.3K 605 5
                                    

Chapter - 9 ငါ့သားက အင်တာနက်သုံးနည်း သင်ပေးတယ်

တာဝန်ကျ ရဲသားလေးနှစ်ယောက်မှာ သူတို့ရဲ့ခေါင်းဆောင်ဆီက အာဏာနဲ့ ဖိအားပေး အနိုင်ကျင့်ခံနေရသလို ခံစားနေရတော့တယ်။

ရဲမှူးမှာလည်း တကယ်ကို အကူအညီမဲ့နေရခြင်းဖြစ်တယ်။
ပုံမှန်အတိုင်းဆိုပါက အမှုက အသေးအဖွဲကိစ္စသာဖြစ်ပြီး ဒီမိန်းကလေးနှင့်လည်း မသက်ဆိုင်ပါ။ ဒါပေမယ့် မေ့လဲသွားတဲ့လူက ရုပ်ရှင်ဧကရာဇ် လုကျီးချန်ဖြစ်နေတဲ့အတွက်ကြောင့်သာ မိန်းကလေးကို စုံစမ်းမေးမြန်းနေရခြင်း ဖြစ်တယ်။

အခု အင်အားကြီးတဲ့တစ်စုံတစ်ယောက်က မိန်းကလေးကို လူကိုယ်တိုင်လာခေါ်နေပြီလေ ... သူက မသွားခိုင်းလို့ ရမလား ...

နောက်ဆုံးမှာတော့ အပြင်ထွက်ခွင့်ရသွားတဲ့ အတွက် ကုယွမ်စိတ်သက်သာရာ ရသွားတော့တယ်။ အခုလေးတင် သူမ ဖိအားပေး မေးမြန်းခံနေရတုန်းက အကူအညီမဲ့သလို စိတ်ခံစားချက်လည်း လေလွင့်သလို ပျောက်သွားခဲ့ပါပြီ။

သူမဘက်က သဘောထားကြီးစွာနဲ့ဘဲ ရဲသားလေး နှစ်ယောက်ကို လက်ဝေ့ရမ်းပြကာ နှုတ်ဆက်လိုက်ပါသေးတယ်။
"လူငယ်လေးနှစ်ယောက်ရေ၊ ကျေးဇူးနော်။ အန်တီ သွားတော့မယ်"

ရဲနှစ်ယောက်မှာ ဒေါသထွက်လွန်းလို့ သူတို့ရဲ့သွားတွေကို ကြိတ်ထားမိတော့တယ်။ အသက် နှစ်ဆယ်အရွယ် ကောင်မလေးက သူတို့ကို လူငယ်လေးတွေလို့ ခေါ်လိုက်တာလား ...

ရဲနှစ်ယောက်ရဲ့ ရှုပ်မဲ့နေတဲ့ မျက်နှာတွေကို မြင်ရတော့ ကုယွမ် ပိုပြီးနေလို့ကောင်းသွားသလိုဘဲ။ ရဲစခန်းကနေ ထွက်လာတော့ သူမရှေ့မှာ Maybach တစ်စီး လာရပ်နေတယ်။ ထို့နောက် ကားထဲက
အိမ်တော်ထိန်းစီမားထွက်လာပြီး တလေးတစား ဦးညွတ်လိုက်ကာ ...
"မစ္စကု၊ ကျေးဇူးပြုပြီး ကားထဲဝင်ပါ"

ကုယွမ် : "ဘယ်အချိန်တုန်းက ကားသွားလဲလိုက်တာလဲ"

စကားပြောရင်းနဲ့ ကားထဲ ဝင်မလို့လုပ်တော့
အထဲမှာ သူမရဲ့သား ကျီချီစန်းထိုင်နေတာကို တွေ့လိုက်ရတယ်။

ကျီချီစန်း သူမကိုကြည့်ရင်း မပျော်မရွှင်နဲ့ မေးလာတယ်။
"သူတို့ တစ်ခုခု အရှက်ရအောင် လုပ်ကြသေးလား"

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now