Chapter 157

2.3K 211 1
                                    

Chapter 157 (ညစျေးကို လည်ပတ်ခြင်း)

ကုယွမ်တစ်ယောက် သူနဲ့ ထိတွေ့ဆက်ဆံကတည်းက သူ့ရဲ့အေးစက်တဲ့အသွင်အပြင်ရဲ့ နောက်ကွယ်မှာ စိတ်အားထက်သန်မှု ရှိနေတာကို ခံစားနိုင်ခဲ့တယ်။

အဲဒါကြောင့် သူမ သည်ကိစ္စကို ဘယ်တုန်းကမှ ပြသာနာတစ်ခုလို့ မထင်ခဲ့ဘူး။

သူ မလုပ်နိုင်ပေမယ့် သူမ စိတ်ထဲ မထားပါဘူး။

သူ့ မျက်နှာချောချောလေးနဲ့ သူမအပေါ်ကြင်နာမှုတွေကို တွေးလိုက်ရုံနဲ့တင် ပြည့်စုံနေပါပြီ။

ထိုအချိန်မှာပဲ တံခါးခေါက်သံ ကြားလိုက်ရတယ်။

ကုယွမ်က နာရီကိုကြည့်လိုက်မှ သူမ အချိန်ဖြုန်းနေမိပြီဆိုတာ သိလိုက်ရတယ်။ ဟော်ကျင်းချန်ကတောင် သူမကို လာခေါ်နေရပြီလေ။

သူမ မြန်မြန် အဝတ်အစားလဲလိုက်ပြီး ခေါင်းဖြီးလိုက်တယ်။ မိတ်ကပ်လှလှလေး ပြင်ချင်ပေမယ့် သူမမှာ အချိန်မရှိတော့ပါဘူး။

ရွေးခြယ်စရာ မရှိဘဲ ဟော်ကျင်းချန်ကို တံခါးဖွင့်ပေးလိုက်ရတာပေါ့။

တံခါးအပြင်ဘက်ရှိ အမျိုးသားဟာ အနက်ရောင် လည်ပိတ်ဆွယ်တာနဲ့ ဂျက်ကတ်ကို ရိုးရှင်းစွာ ဝတ်ဆင်ထားပေမယ့် သူ့ရဲ့ ရုပ်ရည်အသွင်အပြင်ကြောင့် ကြော့ရှင်းနေတယ်။

ဟော်ကျင်းချန်က သူမကို နူးညံ့စွာ ပြုံးပြလာပြီး "ဘာလို့လဲ၊ ကောင်းကောင်း မအိပ်ခဲ့ရဘူးလား"

ကုယွမ်မှာ သူ့အပြုံးကြောင့် သတိလက်လွတ်ဖြစ်သွားတယ်။
"အခု အပြင်သွားတော့မှာလား"

ဟော်ကျင်းချန် : "၅ နာရီခွဲရင် သွားမယ်လို့ ကိုယ်တို့ပြောထားတယ်လေ၊ အခု ၅ နာရီ ၂၆ မိနစ်ဆိုတော့ မင်းမှာ အချိန် ၄ မိနစ် ကျန်သေးတယ်"

ကုယွမ် : "ဒါဆို…ကောင်းပြီလေ"

ထိုလူက သူမ အဆင်သင့် မဖြစ်သေးရင် စောင့်ပေးနိုင်တယ်ဆိုပြီး ပြောလိမ့်မယ် ထင်ထားခဲ့တာ။ ဒါပေမယ့် သူက ချိန်းတွေ့တာတောင် တင်းကြပ်တဲ့ စည်းမျဥ်းတွေ ရှိနေတယ်။

ကုယွမ် : "ဒါဆို တစ်မိနစ်လောက် ... မဟုတ်သေးဘူး၊ သုံးမိနစ်လောက် စောင့်ပေးပါ။ ကျွန်မ အမြန်ပြင်ဆင်လိုက်မယ်"

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now